Tag Archive: Windows Tricks


ကွန်ပျုတာပြင်ပေးတဲ့သူတွေတွေ့ရတဲ့ အကြီးဆုံးဒုက္ခက ပျက်တဲ့ ကွန်ပျုတာပိုင်ရှင်ရဲ့ Technical Skills နည်းပါးမှုကြောင့် ဘာဖြစ်လည်း သေချာမပြောနိုင်နဲ့ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပြီး ရမ်းကုလုပ်ပေးရတာပါ ။ ထိုပြဿနာကို ဖြေရှင်းရန် Microsoft သည် Windows 7 မှစ၍ Problem Steps Recorder ဆိုတဲ့ ရေလည်ကို ပက်ပက်စက်စက် အသုံးဝင်တဲ့ Tool တစ်ခုကို ထည့်ပေးထားပါတယ်။ PSR သည် ဘာလုပ်ပေးလဲဆိုတော့ Application တစ်ခုကြောင့် Error တက်တာ Crashed ဖြစ်တာစသည်တို့ကို User တစ်ယောက်သုံးနေရင်းနဲ့ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်လာလည်းဆိုတာကို Step-by-step အဆင့်တိုင်းက ပတ်သက်တဲ့ Information မှန်သမျှကို Record လုပ်ပေးပါတယ်။

PSR ကို ဖွင့်ဖို့အတွက် Windows 7 Start Menu မှာ ပုံတွင်ပြထားသကဲ့သို့ ဖွင့်ပြီး ခေါ်နိုင်ပါသည်။

ထို့နောက် PSR ပွင့်လာတာနဲ့ Start Record ဆိုတာလုပ်ပြီး စမှတ်နိုင်ပါပြီ။

PSR သည် မိမိရိုက်လိုက်တဲ့ Text မှန်သမျှကို Record လုပ်ခြင်းမရှိတဲ့အတွက် အဆင့်တစ်ခုမှာ မေးစရာ၊ ပြောစရာတစ်ခုခုရှိပါက ပုံမှာတွေ့ရသလို Add Comment ကိုနှိပ်ပြီး ပြောချင်တာကို ထည့်ပေးနိုင်ပါတယ်။

နောက်ဆုံးပြီးဆုံးပါက Stop Record လုပ်တာနဲ့ ဘယ်မှာသိမ်းထားချင်လည်း Windows ပေါ်လာပါမယ်။ PSR သည် သိမ်းရင် Zip File အနေနဲ့သိမ်းထားပါသည်။

သိမ်းထားတဲ့ PSR ကိုဖွင့်ကြည့်ပါက ပထမဆုံး Unzip လုပ်လိုက်တာနဲ့ MHTML ဆိုတဲ့ Web Page Archive File တစ်ခုထွက်လာပါမယ်။ ထိုဖိုင်လ်ကို Internet Explorer နှင့် Firefox တွင်ဖွင့်ပြီးပါက အောက်မှာပြထားသကဲ့သို့ Web Page တစ်ခုတွေ့ရပါမယ်။

ထို့နောက် Slide show ဆိုတာနှိပ်ပြီး ပြန်ကြည့်နိုင်ပါပြီ။

ထို Zip File ကို IT Technician ကို မေးနိုင်ပါပြီ။

Vista ကို အိမ်မှာသုံးသူတွှေအတွက်(အထူးသဖြင့် မြန်မာပြည်) မလိုအပ်တဲ့ Services တွေကို လျှော့ချလို့ရပါတယ်။ ကျွှန်တော်စမ်းကြည့်တာ Idle မှာ Memory 1.2 GB လောက် နေရာယူတာကနေ 980 MB လောက်ထိ လျှော့သွားပါတယ်။ လုပ်ကိုင်ရတာ လွယ်ပါတယ်။ ပထမဆုံး Control Panel ထဲက Programs and features ကိုဖွင့်လိုက်ပါ။ XP က Uninstall နဲ့ဆင်ပါတယ်။ အဲဒီမှာ ဘယ်ဖက် Pane မှာ Turn Windows features on or off ဆိုတာလေးကို နှိပ်လိုက်ပါ။

Add or Remove Programs

Add or Remove Programs

ထို့နောက် ဒီ Windows လေးပေါ်လာပါလိမ့်မယ်။

Turn Windows Feature on and off

Turn Windows Feature on and off

အကယ်၍ ကိုယ်က Windows Games တွေကို ကစားတဲ့ အကျင့်မရှိဘူးဆိုရင် Games လို့ဘေးနားက ပေါ်နေတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ရုံပါပဲ။ ကိုယ်ဖြုတ်ချင်တဲ့ ဟာတွေကို ဒီလိုလေးလိုက်လုပ်ပေးရုံပါပဲ။
နောက်ပြီးတော့ Print Services ဆိုတာ ဖြုတ်နိုင်ပါတယ်။ Local Printing (Printer ကို မိမိကွန်ပျုတာနှင့် တိုက်ရိုက်ချိတ်၍ သုံးခြင်း) ကို မထိခိုက်ပါဘူး။ Print Services အောက်မှာမှ မိမိက တစ်ခုထဲပဲအသုံးလိုတယ်ဆိုရင်လဲ Print Services ဘေးနားက Drop Down Menu ဖေါ်တဲ့ + Sign လေးကို နှိပ်ပေးလိုက်ပါ။ သုံးခုထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက Internet Printing Client ကတော့ Internet ပေါ်ကနေ Print ထုတ်ပေးချင်ရင် လိုပါလိမ့်မယ် (မြန်မာပြည်မှာမှ မသုံးတာတတ်ပါ)။ ဒါပေမဲ့ ဒီဟာက Lan ပေါ်မှာ Printing Server ကို Share သုံးမယ်ဆိုရင်တော့ လိုပါလိမ့်မယ်။
LPD Print Service ကတော့ Unix စက်တွေကို Windows တင်ထားတဲ့ စက်ရဲ့ Printer ကနေ ထုတ်ချင်တယ်ဆိုရင် လိုပါလိမ့်မယ်။ မြန်မာပြည်မှာ Unix သုံးမယ်လိုတော့ မထင်ပါ။
LPR Port Monitor ကတော့ LPD ရဲ့ ပြောင်းပြန်ပါ။ Windows ကနေ Unix Print Server ကိုလှမ်းသုံးချင်ရင်ပါ။
Remote Differential Compression ကတော့ Network မသုံးတဲ့ PC အတွေသိပ်မလိုပါဘူး။ သူကဘာလုပ်လဲဆိုတော့ Network ပေါ်မှာ Files တွေ Share သုံးရင် Local နဲ့ Remote ပေါ်မှာရှိတဲ့ File’s Check Sum Size တူနှစ်ခုကို ဘာကွာလဲ ယှဉ်ပြီး ကွာတဲ့ အပိုင်းကိုပဲ ပို့တာပါ။ Bandwidth ကို Save လုပ်နိုင်တာပေါ့။ Data အပြန်အလှန် ခဏခဏ ပို့တတ်တဲ့ Network တွေဆိုရင် သုံးတင့်ပါတယ်။
Tablet Laptop မသုံးရင်တော့ Tablet PC Optional Components ကိုဖြုတ်တာ ဖြုတ်ထားလိုက်ပါလို့ အကြံပေးချင်ပါတယ်။
Windows Meeting Space ကလည်း မြန်မာပြည်အနေနဲ့ အသုံးမလိုလောက်ပါဘူး။ သူက Exchange Server တို့ Live Space တို့နဲ့ ဆင်ပါတယ်။
Remote Differential Compression မသုံးရင် Windows DFS Replication Service အသုံး မလိုလောက်ပါဘူး။
ဝိတ်လျှော့ပြီးသွားရင်တော့ OK ရုံပါပဲ။ မိနစ်အတော်ကြာ ကြာပါမယ်။ နောက်တစ်ခါ Windows Restart လုပ်ရင် ဘယ်လောက် ဝိတ်လျှော့သွားလဲ စစ်ကြည့်လိုက်ပေါ့နော်။
ထပ်ပြီးတော့ လေ့လာချင်သေးရင် ဒီမှာ သွားလေ့လာနိုင်ပါတယ်။ http://www.bleepingcomputer.com/tutorials/tutorial134.html
ရေးသားသူ – đęЩюΉų№të® (ဒီမိုဟန်တာ)

Windows Vista/7 Tricks

Windows Vista ၏ Start Menu Search နှုန်းကိုတိုးမြှင့်ခြင်း
၁။ ပထမဆုံး Start Button ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးပါ။
၂။ ထို့နောက် Start Menu Tab အောက်က Customize ဆိုတာကိုနှိပ်ပါ။
၃။ Search Communications ဆိုတဲ့ ဟာကိုရှာပေးပါ။ Uncheck လုပ်ပေးပါ။
၎။ OK ပါ။

SATA Disk ၏ Performance ကိုတိုးမြှင့်ခြင်း (Windows VISTA နှင့် 7 တွင်သာ)
မိမိ၏ SATA Drive ကို Performance ထပ်မြှင့်ခြင်တယ်ဆိုရင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုပြုလုပ်ခြင်းဖြင့် Data ပျက်ဆီးခြင်းနှင့် ဆုံးရှုံးခြင်း အခွင့်အလမ်းပိုများပါတယ် အကယ်၍ပါဝါဆုံးရှုံးတဲ့အချိန်မှာဆိုရင်။ မြန်မာပြည်က မီးခဏခဏပျက်တတ်တဲ့ မီးအားမငြိမ်တဲ့ နေရာများက အသုံးပြုတဲ့သူတွေဆိုရင် မလုပ်ခင်သေချာစဉ်းစား စေချင်ပါတယ်။ ဒါပေမဲ့ Desktop တွေအတွက်ပါ။ Laptop များက Battery ဖြင့် Back Up လုပ်နိုင်ခြင်းကြောင့် Interrupted Power Supply ဖြစ်ခြင်းနည်းပါတယ်။
၁။ Device Manager ကိုဖွင့်ပါ။
၂။ Disk Drives က နေရာမှာ Expand လုပ်ပါ။
၃။ ထို့နောက် မိမိပြုလုပ်ချင်တဲ့ Drive ပေါ်မှာ Right Clcik လုပ်ပြီး Properties ကိုနှိပ်ပါ။
၎။ Policies ဆိုတဲ့ အောက်မှာ Enabled Advanced Performance ဆိုတဲ့ ဟာလေးကို အမှန်ခြစ်ပေးလိုက်ပြီး OK နှိပ်လိုက်ရုံပါပဲ။

Firefox ကို ကလိချင်တဲ့ ဘော်ဘော်တွေအတွက်ပါ။ Firefox ရဲ့ Settings တော်တော်များများကို about:config နဲ့ပြင်နိုင်ပါတယ်။ ပထမဆုံး about:config ကို ဘယ်လိုခေါ်နိုင်လဲဆိုတာ အရင်ရှင်းပြပါ့မယ်။

၁။ Firefox ရဲ့ Address Bar မှာ about:config ကိုရိုက်လိုက်ပါ။

၂။ Warning Page ပေါ်လာပါလိမ့်မယ်။ I’ll be careful, I promise! ကိုဘာပဲ ဖြစ်ဖြစ်နှိပ်ရမှာပါ။

၃။ Regedit နဲ့ ခပ်ဆင်ဆင် Filter Box နှင့် Value အမျိုးမျိုးပါတဲ့ Page ပွင့်လာပါလိမ့်မယ်။ ပြင်ချင်သပ ဆိုရင်တော့ ကိုယ်ကလိချင်တဲ့ ကောင်ပေါ်တာ Double Click လုပ်ရုံပါပဲ။

၎။ ဘာမှ လက်မသရမ်းခင် Config file လေးကို Backup လုပ်ပါနော်။ ပြီးမှ လျှောက်ကလိပြီးမှ ဒီမိုလုပ်လို့ဆိုပြီး ပြောနေမှာဆိုးလို့။
XP မှာဆိုရင်တော့ Documents and Settings\<username>\Application Data\Mozilla\Firefox\Profiles\<profile ID>.default\
Vista ဆိုရင်တော့ Users\<username>\AppData\Roaming\Mozilla\Firefox\Profiles\<profile ID>.default\

Show/Hid Close Button On Tabs
Tab Bar ပေါ်မှာ Close button (X) လေး ကိုဖွင့်ချင်ချင် ပိတ်ချင်ချင် ဒီလိုလုပ်လို့ရပါတယ်။ filter box ထဲမှ browser.tabs.closeButtons လေးကို ခေါ်လို့ရပါတယ်။ Value ထဲမှာ ဒါလေးတွေထည့်ပေးရုံပါပဲ။

- ကိုယ်ကြည့်နေတဲ့ Tab ပေါ်မှာပဲ X လေးပေါ်စေချင်ရင် 0 လေးသုံးလိုက်ပါ။
- အော်ကြိုက်တယ် ဆိုရင်တော့ 1 ပါ။ Tab bars တိုင်းမှာ X ပေါ်နေမှာပါ။
- လုံးဝ မမြင်ချင်ဘူးဆိုရင်တော့ 2 နော်။
- X လေးကို နောက်ဆုံး Tab bar မှာပဲ ပေါ်စေချင်ရင်တော့ ၃ ကြိုက်ပါလိမ့်မယ်။
Autofill Address in URL Bar

Smart location feature အပြင် URL ကို အစစကားလုံးတွေရိုက်ပေးရုံနဲ့ သူ့အလိုလို အပြည့်ဖြည့်ပေးစေချင်ရင်တော့ browser.urlbar.autofill ကိုခေါ်လိုက်ပါ။ Double click လုပ်ပြီး Boolean Value ကို False မှ True ပြောင်းပေးလိုက်ရင် ရပါပြီ။
Adjust Number Of Suggestions
Firefox မှာ URL ရိုက်တာနဲ့ ဖြစ်နိုင်တဲ့ List တွေ ကျလာတဲ့ အရေအတွက်ကို ချိန်နိုင်ပါတယ်။ Defaul 12 ခုကို ပြောင်းချင်ရင်တော့ browser.urlbar.maxRichResults ကို Filter Box ထဲမှာ ထည့်ပြီး လိုချင်တဲ့ Value ကိုပြောင်းပေးလိုက်ရင် ရပါပြီ။

Disable Delay Time When Installing Add-on
Add-on တွေသွင်းရင် Firefox မှာ Seconds အတော်ကြာအောင် စောင့်ခိုင်းတတ်ပါတယ်။ ကိုယ်က မစောင့်ချင်ဘူးဆိုရင် functionsecurity.dialog_enable_delay မှာ 0 လို့ရိုက်ပေးလိုက်ရုံပါပဲ။

ဘော်ဘော်တို့တွေ လူသိမခံနိုင်သော ဖိုင်လ်တွေ (ချစ်ချစ်နဲ့ xxxed ရိုက်ထားတာတို့ ဘာတို့ ) ဖွင့်မဖတ်မမြင်နိုင်အောင် File Encryption တွေ လုပ်တယ်ဟုတ်စ။ ဒါပေမဲ့ ပြဿနာက Software တွေနဲ့ ပြုလုပ်တာများတော့ ဘာတွေသုံးလဲသိတဲ့ ငတတွေက (ဥပမာ ဒီမိုလို Script Kiddie) Break-in လုပ်လို့ရမဲ့ နည်းလမ်းတွေရှာမှာပဲ။ ဥပမာ အားဖြင့် Winrar တို့၊ PDF တို့…. သိတော့ဘူးဆက်ပြီး အဲအဲလိုမျိုးငတတွေကို Honey Pot တွေနဲ့ လမ်းလွဲသလိုမျိုးနည်းလမ်းလေးပြောပြမလို့ဗျ ခု။ ဒီတော့ Jpeg ဖိုင်လ်ထဲမှာ တစ်ခြားဖိုင်လ်တွေ ရောဝှက်နည်းလေး မျှချင်လို့ (လိုချင်မလိုချင်ချင် မျှမှာပဲ… )။ Jpeg မှဟုတ်ဘူးနော် txt တွေ exe တွေထဲမှာလဲရတယ်။ တစ်ခုသတိပြုစေချင်တာက ဒါက Encryption နည်းလမ်းတစ်ခုမှ မပါဘူးနော်။ အမြင်လွဲအောင်ပဲ လုပ်ထားတာ။ လုံးဝစိတ်ချရတယ်လို့ မဆိုလိုဘူး။ ဒါကိုလုပ်ချင်ရင် WinRar ဖြစ်ဖြစ် WinZip ဖြစ်ဖြစ်လိုပါလိမ့်မယ်။ WinRar ကတော့ အဆင်ပြေဆုံးပဲ။


၁. ဖိုလ်ဒါတစ်ခုဆောက်လိုက်ပါ။ ဥပမာ C:\Test ပြီးတာနဲ့ ကိုယ်ဖွက်ချင်တဲ့ (ခေါင်းရောဖွက်ချင်ဘူးလား) ဖိုင်လ်တွေအကုန်လုံးကို အဲဒီကိုယ်ဆောက်လိုက်တဲ့ Folder ထဲကူးထည့်လိုက်နော်။ နောက်ဆုံးကိုယ် ဖိန့်ဖိန့်လုပ်မဲ့ ဓါတ်ပုံ (နံတယ်ကွာ…) ကိုလဲ ကူးလိုက်နော် ဖိုလ်ဒါထဲ။ မှတ်ချက် – ဒီမိုသောက်ခွက်မဟုတ်ရပါ။

၂. ကဲပြီးရင် ကိုယ်ဝှက်ချင်တဲ့ ဖိုင်လ်တွေကို အကုန် Select လုပ်။ Right Click လုပ်ပြီး Rar ဖြစ်ဖြစ် Zip ဖြစ်ဖြစ် လုပ်လိုက်ရော။ အဲဒီကိုလဲ အဲဒီ Directory အောက်မှာပဲရှိစေနော်။ မိမိဝှက်မဲ့ File တွေကိုပါ ပို Safe ဖြစ်အောင်လုပ်ချင်ရင်တော့ ဒီအဆင့်မှာ WinRar ကို Password ပေးပြီးချုံ့လိုက်ရင် ထွက်လာမဲ့ Rar File က Encrypt လုပ်ပြီးသားဖြစ်သွားမှာပါ။ ဥပမာ ဒီလိုလေး မှတ်ရန်နောက်တစ်ခု – ဒီမို့ Shorty မဟုတ်ရပါ။ ဆိုင်ဘာက ဒီမိုကို ကြိုက်ခိုက်နေတဲ့ ကောင်မလေးတွေ ဝမ်းနည်းမှာဆိုးလို့ ကြော်ငြာဝင်ရတာပါ။

၃. ပြီးရင် ဒီလိုလေးရလာရော

၎. ကဲကဲ ခုမှ စမှာ။ ခြေဆင်းတွေများနေတယ် ချော်ရီး။ Command Prompt ကိုခေါ်ပြီး ခုဏက Directory ကိုသွားလိုက်။ မသိရင်လဲ DOS သုံးနည်းသင်လိုက်ဦး။ ဟီးဟီး သားသားကစတာပါဗျာ။ CD လေးနဲ့လုပ်နော်။ နောက်ဂီယာထိုးချင်ရင် CD.. လေးနဲ့။ တစ်ခြား ဖိုလ်ဒါထဲဝင်ချင်ရင် CD “somewhere” လေးနဲ့ ဝင်နော်။ တစ်ကယ်လုပ်ရင် Quotation Mark မထဲ့နဲ့နော်။ ဒီလိုလေးဖြစ်နေရော

၅. ဒီလိုမျိုးလေး ရိုက်လိုက်နော်။ copy /b DSC06578.JPG + Hidden.rar DSC06578.jpg ပြီးရင် Command Prompt မှာဒီလိုလေးပေါ်လာလိမ့်မယ်နော်။ ကဲပြီးပါပြီ။ Windows Explorer ကနေ Double Click လုပ်ပြီး အဲဒီဓါတ်ပုံကိုဖွင့်ရင် ဓါတ်ပုံပဲပွင့်လာပါလိမ့်မယ်။ ကိုယ်ဝှက်ထားတဲ့ ဖိုင်လ်တွေကိုမြင်ရတော့မှာ ဟုတ်ပါဘူး။ ဖိုင်လ်တွေကို ပြန်ဖွင့်ချင်တယ်ဆိုရင်တော့ WinRar တို့နဲ့သုံးမှပွင့်ပါလိမ့်မယ်။ Extract ပြန်လုပ်ချင်ရင်လဲ WinRar နဲ့ပြန်လုပ်လိုက်ရင်ရပါလိမ့်မယ်။

copy ဆိုတာ copy ပေါ့နော်။ /b ဆိုတာ binary file လုပ်မယ်ပြောတာပါ။ DSC06578.JPG ကတော့ကိုယ်ဖိန့်ဖိန့်လုပ်ချင်တဲ့ မျက်နှာဖုံးလေးပေါ့။ ဓါတ်ပုံဆိုရင်ဓါတ်ပုံ(လာပြန်ပြီလား… နံပါတယ်ဆို)၊ သီချင်းဆိုရင် သီချင်း။ + Hidden.rarဆိုတာက ဒီ Rar ဖိုင်လ်ကို ခုဏဓါတ်ပုံဖိုင်လ်ထဲ ပေါင်းထည့်ဖို့ပြောတာပါBinary File တစ်ခုအနေနဲ့။ DSC06578.jpg ကတော့ ထွက်လာမဲ့ ဖိုင်ရဲ့ နာမည်ကိုဒီအတိုင်းပေးမယ်ပြောတာပါ။ အရင်ဓါတ်ပုံ နာမည်အတိုင်း တူစရာမလိုပါဘူး။ကိုယ်ပေးချင်တဲ့ နာမည်ကိုပေးရင်ရပါတယ်။ ဖိုင်အမျိုးအစား Extension တော့မပြောင်းတာကောင်းပါတယ်။ Copy command အကြောင်းပိုသိချင်ရင်တော့ ဒီမှာပါ။

INTERNET SPEED ကိုဘယ်လိုမြန်အောင်လုပ်ရပါသလဲခင်ဗျာ။ ကျွန်တော်က အခု Singapore မှာနေပါတယ်။ ကျွန်တော်နေတဲ့အိမ်မှာက Internet သုံးတဲ့လူတွေ ၁၀ ယောက်လောက်ရှိတယ်။ အကုန်လုံး ပြိုင်သုံးရင် connection က လေးသွားတယ်။ ဒါ့ကြောင့် ကျွန်တော့် computer မှာ Internet Speed ကို မြန်အောင်လုပ်လို့ရပါသလား ခင်ဗျား။ Operating system (Windows Vista) / ကျွန်တော့်ကိုပြောပြပါခင်ဗျား…..

ကိုယ်ယူထားတဲ့ Internet Speed ရဲ့ Physical Capabilities ကိုထက်ပိုမြန်အောင် လုပ်လို့မရပါဘူး။ Connection ကို Efficient ဖြစ်အောင်ပဲ Optimize လုပ်ဖို့ပဲရပါတယ်။ Vista မှာ Internet Connection ကို Automatically Optimization ကို OS ကလုပ်ပေးထားပါတယ်။ လူဆယ်ယောက်လုပ်သုံးတယ်ဆိုတော့ အကိုက ဘယ်လောက်ယူထားလို့လဲ။ 10MB 5MB လောက်နဲ့အလုပ်မဖြစ်ဘူး ဒီလောက်လူများရင်။ 20 MB လောက် အနည်းဆုံး ယူဖို့ အကြံပေးချင်ပါတယ်။

ဂိမ်းတခုမှာ ကိုယ်မော်နီတာရဲ့ resolutionနဲ့ တူအောင်ထားရမယ်ဆိုလို့ ဥပမာ 1020 x 450 အဲဒီလိုမျိုး။ ကျွန်တော့် မော်နီတာက SyncMaster 510N

မဆိုင်ပါဘူးဗျာ။ ကျွှန်တော်ဆိုရင် Left 4 Dead 2 ကိုကစားတာ Full Effects with Highest Settings ကို Aspect Ratio 16:10 နဲ့ Resolutions 1920*1200 ဖြစ်တဲ့ ကျွှန်တော့် မော်နီတာရဲ့ Highest Resolution ထဲ တစ်ဆင့်လျှော့တာနဲ့ ဆော့တယ်။ Modern Warfare 2 က ပိုပြီး Effect ပိုစားတော့ Normal Settings တွေကိုပဲ High Definition TV ရဲ့ Standard Resolution 1280*720 (720p) ကို Widescreen Standard Aspect Ratio ဖြစ်တဲ့ 16:9 နဲ့ကစားတယ်။ Left 4 Dead 2 မှာတော့ FPS ကို 120 လောက်ရပြီး MW2 မှာတော့ FPS 90 လောက်ရတယ်ဗျာ။ ဂိမ်းကစားရင် အရေးကြီးဆုံးက FPS လို့ခေါ်တဲ့ Frame Rate ပဲ။ Frame Rate မြင့်လေ ဂိမ်းကစားရတာ ပို smooth ဖြစ်လေပဲ။ ကျွှန်တော့်စိတ်ထင် ၅၀ အထက်မှာတော့ ရှိသင့်တယ်။ ကိုယ်အဆင်ပြေတဲ့ Frame Rate အနည်းဆုံးရှိဖို့သာ အရေးကြီးတယ်။ Rule အရတော့ Resolution မြင့်လေ Frame Rate ကျလေပဲဗျာ။ တစ်ချို့တွေကတော့ လုံးဝ Crazy ပဲ။ Frame Rate ကို 500 အထိမှ ကစားတဲ့လူတွေရှိတယ်။ အဲလိုလူတွေရှိလို့လည်း MW2 မှာ ဓါးယှဉ်ထိုးရင် တစ်ခါတစ်လေကိုယ်ခံရတာပေါ့.  ;)

Vista နဲ့ 7 မှာ လူသိပ်မသိတဲ့ Trick တစ်ခုရှိပါတယ်။ အဲဒါက God Mode လို့ ခေါ်တဲ့ OS အတွင်းပိုင်းတွေရဲ့ Hidden Settings တွေကို ပြောင်းနိုင်တဲ့ Short Cut တွေလုပ်လို့ရခြင်းပါ။ အဲဒီ God Mode လို့ခေါ်တဲ့ ဟာအပြင် Control Panel ထဲက အသုံးများတဲ့ ကောင်တွေ အတွက်လည်း လုပ်လို့ရပါသေးတယ်။ ဒါလေးက OS ကို ထဲထဲဝင်ဝင် ကလိချင်တဲ့ လူတွေအပြင် ကိုယ်က သူများအတွက် ကွန်ပျူတာပြင်ပေးရာတွင် (အထူးသဖြင့် Remote Support နဲ့ ကွန်ပျုတာ မကျွှမ်းကျင်သော သူငယ်ချင်း Computer ကို ပြင်ပေးရာတွင် ) တစ်ဖက်လူကြောင့် တိုင်ပတ်နေသော သူတွေအတွက် လွယ်လွယ်ကူကူ ကိုယ်လိုချင်တဲ့ Settings တွေကို Short cut လုပ်နိုင်မဲ့နည်းလေးပါ။ လုပ်ပုံလုပ်နည်းက လွယ်လွန်းပါတယ်။ Right Click နှိပ်ပြီး New Folder ပြုလုပ်၍ ကိုယ်ကြိုက်တဲ့ အမည်နဲ့ ဒီ Strings လေးတွေတာ ပါပါစေ။ ကျွှန်တော်အဆင်ပြေအောင် ဘယ် String က ဘာဆိုတာ နာမည်တပ်ထားပေးပါတယ်။

God Mode.{ED7BA470-8E54-465E-825C-99712043E01C}
System Index.{78F3955E-3B90-4184-BD14-5397C15F1EFC}
Firewall.{4026492F-2F69-46B8-B9BF-5654FC07E423}
Remote Desktop.{241D7C96-F8BF-4F85-B01F-E2B043341A4B}
My Computer.{20D04FE0-3AEA-1069-A2D8-08002B30309D}
Network (WORKGROUP).{208D2C60-3AEA-1069-A2D7-08002B30309D}
Wireless Network.{1FA9085F-25A2-489B-85D4-86326EEDCD87}
Default Programs.{17cd9488-1228-4b2f-88ce-4298e93e0966}
Program and Features.{15eae92e-f17a-4431-9f28-805e482dafd4}
Notifications Manager.{05d7b0f4-2121-4eff-bf6b-ed3f69b894d9}
Power Options.{025A5937-A6BE-4686-A844-36FE4BEC8B6D}
Biometric Scanner.{0142e4d0-fb7a-11dc-ba4a-000ffe7ab428}

ဒါက C အောက်မှာ ကျွှန်တော်စုစုစည်းစည်းလုပ်ထားတဲ့ God Mode Folders တွေပါ။

ဒါကတော့ God Mode ရဲ့ အတွင်းပိုင်း Settings တွေပါ။

Follow

Get every new post delivered to your Inbox.