Tag Archive: Internet


ကျွှန်တော် ခုတင်ပေးချင်တာက Proxy Software တော့မဟုတ်ပါ။ Virtual Private Network software တွေပါ။ VPN ဆိုတာ အကျဉ်းဖျင်းပြောရရင် Dedicate Point 2 Point Connection ကို Encrypt လုပ်ပေးတာပါ။ ဒါကြောင့် ပိုစိတ်ချရပါတယ်။
ဒါပေမဲ့ Network Card Interface ကို Emulate လုပ်ပေးရတာကြောင့် Network Card Emulator ကို သွင်းရတဲ့အတွက် Admin Rights လိုတဲ့အတွက် ဆိုင်ဘာကဖေးလိုမျိုးမှာ ကိုယ်က ယူသွားပြီး သုံးချင်ရင် အနည်းငယ်ပြဿနာရှိပါတယ်။ ဒီကောင်တွေသုံးပြီးတော့ Hulu လို Site တွေကို စလုံးတို့ Auzi တို့ကလဲ ကြည့်နိုင်ပါပြီ။ Proxy ထပ်ပိုမြန်တယ်လို့ ခံစားရပါတယ်။ ခုတင်ပေးမှာက သုံးမျိုးပါ။ ကိုယ်ကြိုက်တာ တစ်ခုသုံးနိုင်ပါတယ်။ UltarVPN ကတော့ Account ဖွင့်စရာလိုပါတယ်။


နောက်ထပ်တစ်မျိုး AlonWeb က Portable Version ရှိလို့ တင်ပေးလိုက်ပါတယ်။
Hotspot Shield FreeVPN UltraVPN   Alonweb

INTERNET SPEED ကိုဘယ်လိုမြန်အောင်လုပ်ရပါသလဲခင်ဗျာ။ ကျွန်တော်က အခု Singapore မှာနေပါတယ်။ ကျွန်တော်နေတဲ့အိမ်မှာက Internet သုံးတဲ့လူတွေ ၁၀ ယောက်လောက်ရှိတယ်။ အကုန်လုံး ပြိုင်သုံးရင် connection က လေးသွားတယ်။ ဒါ့ကြောင့် ကျွန်တော့် computer မှာ Internet Speed ကို မြန်အောင်လုပ်လို့ရပါသလား ခင်ဗျား။ Operating system (Windows Vista) / ကျွန်တော့်ကိုပြောပြပါခင်ဗျား…..

ကိုယ်ယူထားတဲ့ Internet Speed ရဲ့ Physical Capabilities ကိုထက်ပိုမြန်အောင် လုပ်လို့မရပါဘူး။ Connection ကို Efficient ဖြစ်အောင်ပဲ Optimize လုပ်ဖို့ပဲရပါတယ်။ Vista မှာ Internet Connection ကို Automatically Optimization ကို OS ကလုပ်ပေးထားပါတယ်။ လူဆယ်ယောက်လုပ်သုံးတယ်ဆိုတော့ အကိုက ဘယ်လောက်ယူထားလို့လဲ။ 10MB 5MB လောက်နဲ့အလုပ်မဖြစ်ဘူး ဒီလောက်လူများရင်။ 20 MB လောက် အနည်းဆုံး ယူဖို့ အကြံပေးချင်ပါတယ်။

ကျွှန်တော့်ကို လာမေးကျတယ်။ ကျွှန်တော် Gtalk မှာ ကျွှန်တော့်ဖွင့်ထားတဲ့ သီချင်းတွေ ဘယ်လိုပြောင်းနေတာလဲတဲ့။

Gtalk မှာ Show Current Music Track ပြောင်းလိုက်ရင် Gtalk ကော Winamp 5.XX ပါ Frozen ဖြစ်သွားပါတယ်။ Winamp2Gtalk Plugin ကျတော့လဲ Unicode Characters တွေကို Support မဖြစ်ဘူးဆိုတော့ ကျွှန်တော်မကြိုက်ဘူး။

ပထမဆုံး C:\Program Files\Winamp ကိုသွားလိုက်ပါ။ ပြီးရင် Creat New File လုပ်ပါ။ ကြိုက်တဲ့ File သာလုပ်ပါ။ ဒါပေမဲ့ Text Document (txt extension) ဆိုရင်အဆင်ပြေပါတယ်။ ထို့နောက် ကိုယ်အသစ်ပြုလုပ်ခဲ့တဲ့ File ကို winamp.m3u ဆိုပြီးပြောင်းလိုက်ပါ။ Playlist Icon လေးနဲ့ File တစ်ခုပြောင်းသွားပါမယ်။ File Extension က m3u ဖြစ်ရပါမယ်။ ပြောင်းလို့မရရင် Extension မပြောင်းလို့ပါ။ အဲလိုဖြစ်ခဲ့ရင် ဒီမှာနည်းနည်းသွားကလိရပါလိမ့်မယ်။ Tools > Folder Options > View မှာ Hide Extensions for known file types မှာ Uncheck သွားလုပ်လိုက်ပါ။ ထို့နောက် File တွေမှာ Extension မြင်ရပါလိမ့်မယ်။ အဲဒီအခါ (ဥပမာ winamp.txt ကို winamp.m3u) ပြောင်းလို့ရပါမယ်။ ဒါဆိုရင် Show Current Music Track ကိုသုံးလို့ရပါပြီခင်ဗျာ။

ပြီးရင် Hide Extensions for known file types ကိုပြန်ပြီး Check လုပ်စေချင်ပါတယ်။ အဆင်ပြေကြပါစေ…

မြန်မာပြည်ကလူတွေအတွက်တော့ ဘယ်လောက် အကျိုးရှိမလဲတော့ မသိဘူး။ Google က DNS Caching/LookUp ကို မြန်စေဖို့ဆိုပြီး သူ့ရဲ့ Public Dedicated DNS Servers တွေကို လုပ်ပေးလိုက်ပါတယ်။

ဒီနေရာလောက်ထိ သွားဖို့တော့ ကွန်ပျုတာကလိတဲ့ လူတိုင်း ပြောစရာမလိုလည်း သိမှာပါ။ သာမန် User ဆိုလည်း Don’t Care လောက်ပါပဲ။

ဒီကိုရောက်အောင်တာသွား ပြီးရင်တော့ First မှာ 8.8.8.8 နဲ့ 8.8.8.4 ကိုသာ ရိုက်ထည့်ပေးလိုက်ပါ။

စာကြွင်း ။ တစ်ခုကတော့ ကဖေးမှာသုံးနေတဲ့ Client Machine တွေမှာ ဒါမပြောင်းသင့်ပါဘူး။ Page တောင် တက်မှာမဟုတ်ဘူး။ နောက်ပြီးတော့ DNS ပြောင်းချင်းက Connection Speed မြန်အောင် လုပ်ပေးတာမဟုတ်ပါဘူး။ DNS Name Resolution တာမြန်အောင် လုပ်ပေးနိုင်တာပါ။

Lightweight Testing လုပ်ကြည့်တော့

့ကျွှန်တော့်ရဲ့ ISP ရဲ့ DNS Server ကို သုံးပြီး mmcybermedia ကို Ping ကြည့်တော့

ကျွှန်တော် သုံးနေတာကြာပြီဖြစ်တဲ့ OpenDNS က ကျတော့

အခု Google DNS နဲ့သုံးတာကျတော့

ဒီမှာ အကျဉ်းဖြည်း ကြည့်လိုက်မယ်ဆိုရင် Google DNS ကပိုနှေးတယ်ထင်ရမယ်။ တစ်ကယ်တမ်းတော့ မဟုတ်ပါဘူး။ ကျွှန်တော်က တမင်သိရအောင် Globally ယှဉ်လိုက်ရင် လူနည်းတဲ့ mmcybermedia ကို သုံးကြည့်လိုက်တာပါ။ ခုမှ Google DNS က စကာစဆိုတော့ သူ့ Server မှာ Caching လုပ်ရမယ်။ Contents တွေ Optimize လုပ်ရဦးမှာပါ။ သုံးရင်းသုံးရင်း မြန်လာမှာပါ။ ကျွှန်တော်ဆိုရင် OpenDNS ကိုသုံးနေတာ နှစ်ချီနေပြီဆိုတော့ OpenDNS က ကျွှန်တော် mmcyber ကို Visit လုပ်တဲ့ Records က မနည်းတော့ဘူးလေ။ ဒါကြောင့် အမြန်ဆုံးဖြစ်နေရတာပါ။

OpenDNS ကိုသုံးချင်ပါက သူ့မူရင်းဆိုဒ်မှာ အကောင့်သွားဖွင့်နိုင်ပါတယ်။ သူကပိုပြီးတော့ Management လုပ်လို့ရတဲ့အတွက် ကျွှန်တော်သုံးနေတာပါ။

Follow

Get every new post delivered to your Inbox.