Tag Archive: Hardware


ဒီ Software လေးတစ်ခုကို ဆိုင်ဘာနဲ့မိတ်ဆက်ပေးချင်လို့ပါ။ ကိုယ့် Notebook ရဲ့ Battery နဲ့ သုံးရင် ဘယ်လောက်ကြာကြာ သုံးနိုင်မလဲ စစ်ဆေးလို့ရတဲ့ ဟာလေးပါ။ ကွန်ပျုတာကို Battery နဲ့ ဖွင့်ပြီး မကုန်ချင်း ထားပြီး စစ်လို့ရပေမဲ့ အဲဒီထက်ပိုလွယ်တဲ့ နည်းလမ်းကို ဒီ မိတ်ဆက်ပေးချင်တဲ့ Software လေးနဲ့ Run လို့ရပါတယ်။ Full Load ကို Fast နဲ့ Normal Modes နှစ်ခုလုံးမှာ Run လို့ရပါတယ်။ ဒါပေမဲ့ ဒီကောင်ကို Run ရင် AC Power နဲ့ မ Run ရပဲ Batter နဲ့ သုံးပြီး Run ရမှာပါ။

ကျွှန်တော် ခုတင်ပေးချင်တာက Proxy Software တော့မဟုတ်ပါ။ Virtual Private Network software တွေပါ။ VPN ဆိုတာ အကျဉ်းဖျင်းပြောရရင် Dedicate Point 2 Point Connection ကို Encrypt လုပ်ပေးတာပါ။ ဒါကြောင့် ပိုစိတ်ချရပါတယ်။
ဒါပေမဲ့ Network Card Interface ကို Emulate လုပ်ပေးရတာကြောင့် Network Card Emulator ကို သွင်းရတဲ့အတွက် Admin Rights လိုတဲ့အတွက် ဆိုင်ဘာကဖေးလိုမျိုးမှာ ကိုယ်က ယူသွားပြီး သုံးချင်ရင် အနည်းငယ်ပြဿနာရှိပါတယ်။ ဒီကောင်တွေသုံးပြီးတော့ Hulu လို Site တွေကို စလုံးတို့ Auzi တို့ကလဲ ကြည့်နိုင်ပါပြီ။ Proxy ထပ်ပိုမြန်တယ်လို့ ခံစားရပါတယ်။ ခုတင်ပေးမှာက သုံးမျိုးပါ။ ကိုယ်ကြိုက်တာ တစ်ခုသုံးနိုင်ပါတယ်။ UltarVPN ကတော့ Account ဖွင့်စရာလိုပါတယ်။


နောက်ထပ်တစ်မျိုး AlonWeb က Portable Version ရှိလို့ တင်ပေးလိုက်ပါတယ်။
Hotspot Shield FreeVPN UltraVPN   Alonweb

INTERNET SPEED ကိုဘယ်လိုမြန်အောင်လုပ်ရပါသလဲခင်ဗျာ။ ကျွန်တော်က အခု Singapore မှာနေပါတယ်။ ကျွန်တော်နေတဲ့အိမ်မှာက Internet သုံးတဲ့လူတွေ ၁၀ ယောက်လောက်ရှိတယ်။ အကုန်လုံး ပြိုင်သုံးရင် connection က လေးသွားတယ်။ ဒါ့ကြောင့် ကျွန်တော့် computer မှာ Internet Speed ကို မြန်အောင်လုပ်လို့ရပါသလား ခင်ဗျား။ Operating system (Windows Vista) / ကျွန်တော့်ကိုပြောပြပါခင်ဗျား…..

ကိုယ်ယူထားတဲ့ Internet Speed ရဲ့ Physical Capabilities ကိုထက်ပိုမြန်အောင် လုပ်လို့မရပါဘူး။ Connection ကို Efficient ဖြစ်အောင်ပဲ Optimize လုပ်ဖို့ပဲရပါတယ်။ Vista မှာ Internet Connection ကို Automatically Optimization ကို OS ကလုပ်ပေးထားပါတယ်။ လူဆယ်ယောက်လုပ်သုံးတယ်ဆိုတော့ အကိုက ဘယ်လောက်ယူထားလို့လဲ။ 10MB 5MB လောက်နဲ့အလုပ်မဖြစ်ဘူး ဒီလောက်လူများရင်။ 20 MB လောက် အနည်းဆုံး ယူဖို့ အကြံပေးချင်ပါတယ်။

ဂိမ်းတခုမှာ ကိုယ်မော်နီတာရဲ့ resolutionနဲ့ တူအောင်ထားရမယ်ဆိုလို့ ဥပမာ 1020 x 450 အဲဒီလိုမျိုး။ ကျွန်တော့် မော်နီတာက SyncMaster 510N

မဆိုင်ပါဘူးဗျာ။ ကျွှန်တော်ဆိုရင် Left 4 Dead 2 ကိုကစားတာ Full Effects with Highest Settings ကို Aspect Ratio 16:10 နဲ့ Resolutions 1920*1200 ဖြစ်တဲ့ ကျွှန်တော့် မော်နီတာရဲ့ Highest Resolution ထဲ တစ်ဆင့်လျှော့တာနဲ့ ဆော့တယ်။ Modern Warfare 2 က ပိုပြီး Effect ပိုစားတော့ Normal Settings တွေကိုပဲ High Definition TV ရဲ့ Standard Resolution 1280*720 (720p) ကို Widescreen Standard Aspect Ratio ဖြစ်တဲ့ 16:9 နဲ့ကစားတယ်။ Left 4 Dead 2 မှာတော့ FPS ကို 120 လောက်ရပြီး MW2 မှာတော့ FPS 90 လောက်ရတယ်ဗျာ။ ဂိမ်းကစားရင် အရေးကြီးဆုံးက FPS လို့ခေါ်တဲ့ Frame Rate ပဲ။ Frame Rate မြင့်လေ ဂိမ်းကစားရတာ ပို smooth ဖြစ်လေပဲ။ ကျွှန်တော့်စိတ်ထင် ၅၀ အထက်မှာတော့ ရှိသင့်တယ်။ ကိုယ်အဆင်ပြေတဲ့ Frame Rate အနည်းဆုံးရှိဖို့သာ အရေးကြီးတယ်။ Rule အရတော့ Resolution မြင့်လေ Frame Rate ကျလေပဲဗျာ။ တစ်ချို့တွေကတော့ လုံးဝ Crazy ပဲ။ Frame Rate ကို 500 အထိမှ ကစားတဲ့လူတွေရှိတယ်။ အဲလိုလူတွေရှိလို့လည်း MW2 မှာ ဓါးယှဉ်ထိုးရင် တစ်ခါတစ်လေကိုယ်ခံရတာပေါ့.  ;)

လူပိန်းနည်းမေးခြင်လို့၊ကိုယ်ရဲ့မော်နီတာရဲ့ဆိုဒ်ဘယ်လိုသိနိုင်လဲ

ဟိုတစ်လောက လာမေးတယ် မိမိမော်နီတာရဲ့ Size ကို ဘယ်လိုတိုင်းလဲတဲ့။ ကျွှန်တော်ကလဲ ပြတ်ပြတ်သားသား ပဲဖြေပေးလိုက်တယ်။

ပေတံယူဗျာ။ မော်နီတာကို Diagonal တိုင်း။ အနီးစပ်ဆုံး ဂဏန်းကို Round Up လုပ်။ ဥပမာ 12.8 ဆို 13 inches။ 13 ဆို 13.2 or 13.4။ အဲလိုမလုပ်ချင်ရင် ကိုယ့်မော်နီတာအမျိုးအစားကို မှတ်ပြီး Google လုပ်။ Specification ထဲမှာဝင်ကြည့်။  ;D

Follow

Get every new post delivered to your Inbox.