Tag Archive: Fruity Loops


ညီအစ်ကိုတွေလာလာမေးကြတယ် Fruity or FL Studioထဲမှာ Slayer ကိုဘယ်လိုသုံးမလဲပေါ့။ Fruity ထဲမှာကတော့ အရင်ထဲက Slayerရိုးရိုး ပါပြီးသားပါ။ ဒါပေမဲ့ Slyaer 2 (ပိုစုံလို့ပေးတာပါ) ကိုကျွှန်တော်ပေးမိတော့ ညီအစ်ကိုမသွင်းတတ်ဘူးဖြစ်နေတယ်။ ကျွှန်တော်ဒီမှာ Slayer2 သွင်းနီးနဲ့ Fruity or FL Studio ထဲ ဘယ်ကြိုက်တဲ့ VSTi (Virtual StudioTechnoloy’s Instruments) or Soft Synth ကို FL Studioထဲပေါ်အောင် ဘယ်လိုလုပ်မလဲ ရှင်းပြပါမယ်။

ပထမဆုံး Slayer 2 Zip File ကို ပြန်ဖြည်ရပါမယ်။ ဒါကတော့ လူတိုင်းသိနေလို့ မရှင်းပြတော့ပါဘူး။

ဖြေပြီးရင် အောက်မှာပေါ်နေတဲ့ Files တွေထဲက ကျွှန်တော် Highlight လုပ်ထားတဲ့ File နှစ်ခုကို ကူးပေးရပါမယ်။

ဘယ်ကို Paste လုပ်ပေးရမလဲဆိုတော့ အောက်ကပုံထဲက Location ကိုကူးပေးရပါမယ်။မရှိရင် Folder ဆောက်လိုက်ပါ။ VSTi တော်တော်များများသွင်းတဲ့ Default Location နှစ်ခုရှိပါတယ်။
1.    C:\Program Files\Vstplugins နှင့်
2.    C:\Program Files\Steingberg\Cubase X\Vstplugins ပါ။ ဒါက Cubae သုံးတဲ့လူတွေအတွက်ပါ။
ဒါပေမဲ့ FL က သူ့ထဲမှာ VST Folder အတွက်နေရာကို နံပါတ် ၁ကိုရွေးထားပေးပါတယ်။ လိုချင်ပါက Parameter ကို FL ထဲမှာ ပြန်ပြင်ယူနိုင်ပါတယ်။

ထို့နောက် Slayer 2 ကို မိမိစက်ထဲ Install လုပ်ခြင်းပြီးပါပြီ။
Fruity or FL Studio ထဲတွင် မိမိသွင်းထားသော Third Party VSTi (သို့) Soft Synths များကို ခေါ်ယူသုံးစွဲခြင်း
ဒီမှာ FL ကိုလုံးလုံးမသိသေးသော ညီအစ်ကိုညီအစ်မများ အတွက်သီချင်းဖန်တီးရာတွင် အရေးကြီးဆုံးဖြစ်သော Tempo ကို FL မှာ ဘယ်လိုပြောင်းမလဲ နည်းနည်းပြောပါမယ်။ Highlight လုပ်ထားသော 140 နေရာကို Mouse တင်ပြီး ရွေ့ကြည့်ပါက မိမိဖန်တီးချင်သော သီချင်းဧ။် Main Tempoကိုသတ်မှတ်နိုင်ပါသည်။ 1 ဆိုသောနေရာသည် မိမိလက်ရှိ Edit လုပ်နေသော PatternNo. ကိုကိုယ်စားပြုပါသည်။

FL Studio ကို ဖွင့်ပြီး အောက်ဖေါ်ပြပါ အဆင့်များကို ပြုလုပ်ရပါမယ်။ကျွှန်တော်အသုံးပြုသည်မှာ FL Studio 8 ဖြစ်ပါသည်။ Skin ကလဲပြောင်းထားပါသည်။အသွင်အပြင် မတူက ပြဿနာမရှိပါ။

Channels > Add One > More ကိုနှိပ်လိုက်ပါက အောက်ပါ Windows လေးပေါ်လာပါလိမ့်မယ်။

ထို့နောက် Refrest Button လေးကို Fast Scan ကိုရွေးပြီး မိမိလက်ရှိ FLကိုသုံးခဲ့ပြီးနောက်ပိုင်း Soft Synths အသစ်များထပ်သွင်းထားပါက FLChannels List တွင် အမြဲပေါ်နေစေရန်ဖြစ်ပါသည်။ အထက်ပါ High Lightလုပ်ထားသော မိမိသုံးချင်သော VSTi ကို လေးထောင့် Box လေးကို နှိပ်လိုက်ပါကF  ဆိုသောစကားလုံးပေါ်လာပါလိမ့်မယ်။ ထို့နောက် အထက်ပါ Windows ကိုပိတ်နိုင်ပါပြီ။ ကျွှန်တော်စက်မှာတော့ Soft Synths တွေအများကြီးရှိလို့အလိုမျိုးပေါ်နေပေမဲ့ မိမိရဲ့စက်မှာ နည်းနည်းလေးပဲပေါ်နိုင်ပါသည်။ ကျွှန်တော်ဥပမာအနေနှင့် ပြထားသော VSTi က Slayer 2 Guitar Emulator ပါ။
FL ထဲ VSTi ကို Channel အသစ်အနေနဲ့ ထဲ့ချင်ရင် အောက်ဖေါ်ပြပါ အဆင့်များကိုပြုလုပ်နိုင်ပါသည်။ ခုဆိုရင် မိမိရဲ့ Channel List ထဲမှာ မိမိသွင်းထားသောVSTi များကို တွေ့နိုင်ပါပြီ။ အောက်ပါအတိုင်း Channels > Add One ထဲမှာမိမိလိုချင်သာ ထည့်လိုရပါပြီ။ ဥပမာအနေနှင့် Slayer 2 ကိုထည့်ပါမယ်။အောက်ပါ ပုံကဲ့သို့ပါ။

ဒါက Channles အသစ်တစ်ခုအနေနှင့် ထဲ့တာပါ။ နောက်တစ်မျိုးက ရှိပြီးသား Channel ပေါ်မှာ တစ်ခြား Soft Synth နှင့် လဲတာပါ။

အပေါ်က ပုံလိုမျိုး ကိုယ်လဲချင်တဲ့ Channel ပေါ်မှာ Right Click လုပ်ပြီးReplace ဆိုတာကို Mouse ရွေ့လိုက်ပါက Channels List ကျလာပါလိမ့်မယ်။ကိုယ်ကြိုက်တဲ့ Channel ကရွေးပေးယုံပါပဲ။
Fruity မှာ Step Pattern နှင့် Piano Roll ဆိုပြီး အသံတွေကိုစီလို့ရပါတယ်။ Step Pattern က Notes တွေအများကြီး Key တွေအများကြီးသုံးမယ်ဆိုရင် သိပ်အလုပ်မဖြစ်လို့ Piano Roll ကိုပြောင်းလဲအသုံးပြုနိုင်ပါသည်။ Step Pattern က Drum လိုင်းတွေရေးရင်တော့အလွယ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ မြန်မြန်အလုပ်ပြီးပါသည်။
Piano Roll သုံးချင်တယ်ဆိုရင်တော့ သုံးချင်တဲ့ Channel ပေါ်မှာ Right Clickနှိပ်ပြီး Piano Roll ကိုရွေးလိုက်ပါ။ ထို့နောက် Piano Roll Windowပေါ်လာပါလိမ့်မယ်။ အောက်ဖေါ်ပြပါကဲ့သို့ပါ။ Hightlight လုပ်ထားတာက PianoRoll Window ပါ။ အကြီးချဲ့ချင်ပါက Resize လုပ်နိုင်ပါသည်။ Maximizeလုပ်ချင်ပါက PRW’s Menu Bar ကို Double Click လုပ်လိုက်ပါ။

Slayer 2 အကြောင်း
ကျွှန်တော် Guitarist မဟုတ်ပါ။ ဒါကြောင့် ဂစ်တာနှင့် ပတ်သက်တာ အကုန်လုံးကိုမသိပါ။ ခုကျွှန်တော်ရှင်းပြမှာက Slayer Program အကြောင်းပါ။ GuitarTechnique တွေမဟုတ်ပါ။ ကျွှန်တော်သိတာဆိုရင် ပြန်ဖြေပါ့မယ်။

အထက်ပါပုံတွင် ခရမ်းရောင်နှင့် Highlight လုပ်ထားသောနေရာသည် Pre Effectsနှင့် Post Effects ဖြစ်ပါသည်။ အဝါရောင်သည် Amp နေရာဖြစ်ပါသည်။အပြာရောင်နေရာက String အမျိုးအစားဖြစ်ပါသည်။ Electric Gtr Stringအမျိုးအစား Bass Elec Gtr String လား ရွေးချယ်လို့ရပါသည်။ အစိမ်းရောင်သည်Chord အမျိုးအစား ကိုင်ပုံ ပြောင်းသောနေရာဖြစ်ပါသည်။ Powerchordကိုရွေးပြီး E Key ကို နှိပ်ကြည့်ပါက Power E Chord သံထွက်ပါလိမ့်မယ်။ကျွှန်တော်ဒါတော့ အများကြီး မသိလို့ လျှာမရှည်တော့ပါဘူး။

အပြာရောင်နှင့် နေရာသည် အကယ်၍ ချိန်ထားသော အသံကို ကြိုက်ပါက သိမ်းထားရန်။သိမ်းထားသော အသံများကို ပြန်ခေါ်ရန် အတွက်ဖြစ်ပါသည်။ သူ့ညာဘက်က Amp၊ EfxRack ကို ဖွင့်ရန်ပိတ်ရန်ပါ။ ဘယ်ဘက်ကတော့ Program နှင့် အတူပါလာသောအသံများကို ရွေးရန်ဖြစ်ပါသည်။ အောက်က အစိမ်းရောင်နှင့် နေရာက Guitar မှာDouble Coil လား Single Coil လားရွေးရန်ဖြစ်ပါသည်။ ပန်းရောင်နှင့်နေရာကAmp နှင့် Cabinet အတွက်ပါ။ အောက်ကတော့ EQ ပါ။ Low Mid Highအကြမ်းချိန်လို့ရပါသည်။ Drive ကတော့ အသံကို ဘယ်လောက် Overdrive လုပ်မလဲပါ။Feedbeck က Efx လုပ်ထားသော အသံကို ဘယ်လောက် Amp ထဲ ပြန်ကျွှေးမလဲပါ။
နောက်ထပ် Tweak တစ်ခုကတော့ Guitar ရဲ့ Coil Position ကို ရွေးလို့ရပါသည်။အပေါ်ပုံနှင့် အောက်ပုံကို ယှဉ်ကြည့်ပါ။ ကွဲပြားသာတွေ့ပါလိမ့်မယ်။ပြောင်းချင်ပါက Coil ပေါ်မှာ Mouse တင်ပြီး ဘယ်ညာ ရွေ့ကြည့်ပါ။
ဒါကတော့ ကျွှန်တော် Slayer ကိုတတ်သိသလောက်ပါ။ အရေးအသားနှင့် အမှားပါကခွင့်လွှတ်ပါရန်။ ညီအစ်ကိုများ ကျွှမ်းသွားပါက ပြန်သင်ပေးရပါမယ်။နောက်တစ်ခုကတော့ Slayer ကိုဘယ်လိုထပ် ပေါင်းစပ်အသုံးချလို့ရလဲပါ။ မေးမြန်းသူများရှိပါက ရေးပါမည်။

Audio Engineering ပစ်ထားတာလဲ အတော်ကြာပြီ။ ကိုယ်တိုင်ကလဲ သီချင်းမှ အမြဲမလုပ်ဖြစ်တော့တာကိုး။ ခုတော့ နည်းနည်းလေးရေးလိုက်ဦးမယ်

ဒီဟာလေးကို စိတ်ထဲမှာ ရေးပစ်နေတာ အတော်ကြာပြီ။ :D စာကြီး လတ်ချာဆန်ဆန်ရေးတာထက်စာရင် ပေါ့ပေါ့ပါးပါးလေး ကျွှန်တော် ဘယ်လိုလုပ်ထားလဲပဲ ဆွေးနွေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Mixing နဲ့ Mastering လုပ်တယ်ဆိုတာ ဖန်တီးတဲ့ Engineer ပေါ်မှာမူတည်တယ်။ သီချင်းကောင်းပေမဲ့ Mixing မကောင်းရင် ရစရာ မရှိအောင်လည်းဖြစ်တတ်တယ်လေ။ သူ Feel လာသလို ချိန်ခွင့် ရှိတယ်။ ဒီလိုချိန်ရမယ် ဒီလိုချိန်သင့်တယ်ဆိုတဲ့ မူသေ Mixing/Mastering မရှိဘူး။ အခု ရေးဖို့အတွက် ကျွှန်တော်ကဟိုတစ်လောက ကလိထားတဲ့ River Flows in You ကို ကျွှန်တော်ချိန်ထားတဲ့ ပုံစံလေး ပြောပြချင်ပါတယ်။ အဲဒီကို နားထောင်ချင်ရင် ဒီမှာ သွားယူလို့ရပါတယ်။ ခုက Instrumental သီချင်း သူများသီချင်းကို ပြန် Cover လုပ်ထားတာဆိုတော့ FL မှာ Arrangement ကို မလုပ်ထားပဲနဲပဲ့ ပထမဆုံး Page ပေါ်မှာ တစ်ပုဒ်လုံးက တီးချထားပါတယ်။

ကျွှန်တော်သုံးထားတာကတော့ FL 9 နဲ့ reFX က Nexus VSTi တို့ကို အသုံးချထားပါတယ်။ အတတ်နိုင်ဆုံးအဆင်ပြေအောင် ကျွှန်တော် FL 9 က ပါလာတဲ့ Plugin တွေကိုပဲ သုံးထားပါတယ် nexus ကလွဲရင်။ ကျွှန်တော်တင်ပေးထားတဲ့ အပုဒ်မှာတော့ Piano နှစ်လိုင်းပဲပါပါတယ်။ ခု Screenshot မှာတော့ ကျွှန်တော်ထပ်ကလိထားတဲ့ Orchestral လိုင်းရယ် SQ တစ်လိုင်းရယ် အပိုပါနေပါတယ်။ အဲဒီနှစ်ခုကို မပြောပဲ Piano နှစ်လိုင်းကို ဘယ်လိုချိန်ထားလဲပဲ ပြောသွားပါမယ်။ Track 1 ကတော့ Main Melody (သ) Treble လိုင်း (International Note အရဆိုရင်) ပါ။ တတိယ Track ကတော့ Bass လိုင်းပါ Melody ကို လိုက် Fill Up လုပ်ပေးထားတာပါ။

ကျွှန်တော် ပထမလိုင်းက Melody အတွက် Mixer Channel 1 မှာ သုံးထားတာက ကျွှန်တော် အကြိုက်ဆုံး အသုံးအများဆုံး အမျိုးအစား တစ်ခုဖြစ်တဲ့ Parametric EQ ပါ။ နောက်ထပ် တစ်မျိုးကတော့ Multband Compressor ပါ။ နောက်ဆုံးသုံးထားတာက Reverb ပါ။ ပြီးတော့ ကျွှန်တော် လုပ်ထားတာက Sub Bus 1, 2, 3, 4 ကို Channel 1 ကထွက်တာမှန်သမျှကို ပို့ထားပါတယ်။ ဒါပေမဲ့ ပုံထဲမှာ တွေ့ရတဲ့ အတိုင်း Channel 1 က Sub Bus 1 ထဲက ဘာမှ ပို့ထားခြင်းမရှိပေမဲ့ ပုံထဲမှာတော့ Sub 1 ဟာ Level တက်နေတာ တွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွှန်တော်က Channel 1 အထွက်ကို Channel 6 ထဲကို လွှဲထားလိုက်ပါတယ် ဘာလို့လဲဆိုတော့ Bass Line တီးထားတဲ့ Channel 2 ကိုလည်း  Channel 6 ထဲပို့ထားလိုက်ပါတယ်။ ဘာလို့ ကျွှန်တော်အဲလိုလုပ်လိုဆိုတာ နောက်ရှင်းပြမယ်။ ခုပုံအရဆို ကျွှန်တော်က Sub 2 ထဲမှာ Delay တစ်ခု၊ Sub 3 ထဲမှာ နောက်ထပ် Delay အမျိုးအစားတစ်ခုနဲ့ Sub 4 ထဲမှာ Filter အမျိုးအစားဖြစ်တဲ့ Phasor တစ်ခုထည့်ထားပါတယ်။ Sub 4 ကတော့ ရှင်းပါတယ်။ ကျွှန်တော် Piano နှစ်လိုင်းလုံးကို Steroe Image ဖြစ်အောင်/ ပိုပြန့်တဲ့ Stereo သံ ပိုဖြစ်အောင် ထည့်ထားတာပါ။ FL ရဲ့ Philter EFX ထဲက Preset Bank ထဲက Steroerizer ဆိုတာပဲ သုံးထားပါတယ်။

ပထမဆုံး EQ ဘယ်လို ချိန်ထားလဲပြောပြပါ့မယ်။ Melody လိုင်းက သီချင်းရဲ့ အဓိက အပိုင်းဖြစ်တဲ့ အတွက် သီချင်းရဲ့ Upper Mid အပိုင်းကို သူက အဓိက သယ်ဆောင်ပါတယ်။ ဒါပေမဲ့  သူကလည်း သူရဲ့ ကိုယ်ပိုင် Body အသံရှိတဲ့ အတွက် Low Frequency တွေပါပါတယ်။ Low Freq တွေကို ကျွှန်တော်မဖြတ်ထုတ်ဘဲ ပထမဆုံးလိုင်းကြီးပဲ နားထောင်ကြည့်ရင် အတော်နားထောင်လို့ကောင်းပါတယ်။ ဒါပေမဲ့ တတိယလိုင်းဖြစ်တဲ့ Bass ကိုပါထည့်လိုက်တဲ့ အချိန်မှာ တူတူနားထောင်ကြည့်တဲ့ အခါမှာ အသံတွေ Clush ဖြစ်ကုန်ပါတယ်။ ဒါကြောင့် 100 Hz ပတ်ဝန်းကျင်က စပြီး အောက်ပိုင်းကို ကျွှန်တော် အကုန် ဖြတ်ထုတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ Bass တီးထားတဲ့လိုင်းကို သူ့နေရာပေးစေချင်လို့ပါ။ ကျွှန်တော် အပေါ်မှာပြောခဲ့တုန်းက Mixing မှာ Engineer ခံစားသလိုချိန်တယ်လို့ပြောထားပါတယ်။ ဒါပေမဲ့ Engineeer တော်တော်များများ လက်ခံထားတာ တစ်ခုက Instrument တစ်ခုကို နားထောင်ကောင်းစေချင်ရင် EQ Boost လုပ်တာထက်စာရင် EQ Cut များများလုပ်ခြင်းပါ။ ဘာကြောင့်လဲဆိုတော့ Over EQ’ing မဖြစ်စေချင်လို့ပါ။ ဘာလို့လဲဆိုတော့ Mixing တစ်လျှောက်လုံးကနေ Mastering ထိက လိုအပ်တိုင်း EQ ကိုင်နေရတာပါ။ စစခြင်းမှာ အရမ်းတင်ထားရင် အသံတွေ ကွဲကုန်တတ်ပါတယ် Mastering အဆင့်လောက်ရောက်ရင်။ ကျွှန်တော်ဆို တစ်ခုကို စချိန်မယ်ဆိုရင် ဘယ်နား တိုးမလဲဆိုတာထက် ဘယ်နားလှျော့့မလဲ ဘယ်နားဖြုတ်မလဲ အရင် စဉ်းစားပါတယ်။

ထို့နောက် Low သံထဲက Character တွေ တစ်ချို့ကို ပေါ်စေချင်တဲ့ အတွက် 300 Hz ပတ်ဝန်းကျင်ကို 3.0db လောက် နည်းနည်းတင်ထားပေးပါတယ်။ ဥပမာ တီးထားကို ခဏရပ်လိုက်တဲ့ အချိန်မှာ Delay နဲ့ အတူကျန်ခဲ့တဲ့ အသံတွေမှာ Low ဖြစ်တဲ့ Body အသံကို Emphasize လုပ်ပေးစေချင်လို့ပါ။ နောက်ပြီးတော့ 1500 Hz နားလောက်မှာ 2.0 လောက် နည်းနည်းလျှော့ထားပေးပြီးတော့ ထားလိုက်ပါတယ်။ ဘာအတွက်လဲဆိုတော့ အဲဒီ ပတ်ဝန်းကျင် နားလောက်မှာ Instrument တွေက Muddy ထုန်ထုန်ကြီးဖြစ်တတ်ပါတယ်။ အထူးသဖြင့် သစ်သား Body နဲ့လုပ်ထားတဲ့ String Instruments အမျိုးအစားတွေမှာပါ။ ဒါပေမဲ့ ကျွှန်တော်သုံးထားတာ Plugin တွေပဲ Electronic အသံမပေါက်ဘူးလား ထင်ရင် ရှင်းပြပါရစေ။ Nexus က Sampling Based VSTi ပါ။ တစ်ကယ့် Instrument က အသံတွေကို ဖမ်းထားပြီးတော့ သူနဲ့သက်ဆိုင်တဲ့ Key Zone တွေမှာ အသံအမျိုးမျိုးကို Layer ထပ်ထားတာပါ။ ဒါကြောင့် သီချင်းမှာ တစ်ကယ့် Piano အသံပေါက်နေတာပါ။

နောက်ပြီးတော့ 2200 ပတ်ဝန်းကျင်လောက်ကစပြီး နည်းနည်း ပြန် Boost လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပိုင်းမှာ Piano က စပြီး သူ့ရဲ့ Melodic အပိုင်းက ရောက်လာပါပြီ။ သူ့ရဲ့ Color တော်တော်များများက အဲဒီနားပတ်ဝန်းကျင်မှာ ရှိနေတတ်လို့ပါ။

ထို့နောက် 10000Hz or 1KHz ပတ်ဝန်းကျင်လောက်မှာ သိသိသာသာ တိုးထားပါတယ်။ ဒီနေရာဟာ Piano ရဲ့ Main Melody Range ပါ။ ဒီအပိုင်းကို တိုးချင်အားဖြင့် Melody ပိုပေါ်စေပြီး အသံကို ပိုကြည်လင်စေပါတယ်။ ဒါပေမဲ့ High Freq ကို သတိထားရပါ့မယ်။ High Freq ကို အရမ်းကိုတင်ထားရင အသံပျက်ပြီး နားထောင်ရတဲ့ သူအတွက် ဆိုးစေပါတယ်။ ဒီအချက်ဟာ Metal တို့ Rock တို့ကို လူတိုင်းမကြိုက်သလိုပေါ့။ အရမ်းဆူညံတယ်လို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ Rock Metal ရဲ့ Distoration Guitar အသံတွေဟာ ဒီနေရာမှာ အများဆုံးရှိတတ်လို့ပါ။ နောက်တစ်မျီုးအရဆိုရင် အရင်တုန်းက အခွေတွေဟာ ခုခေတ် သီချင်းခွေတွေနဲ့ ယှဉ်ကြည့်ရင် Melodic ဖြစ်တာနည်းတယ် သိပ်ပြီးတော့ Live မဖြစ်သလို ခံစားရပါတယ်။ အရင်တုန်းက နည်းပညာက High Freq တွေကို သေချာ မကိုင်တွယ်နိုင်လို့ပါပဲ။

နောက်ဆုံးအနေနဲ့ ကျွှန်တော်က 16 Khz လောက်ကစပြီး အကုန်ဖြတ်ထုတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ အထက်ပိုင်းမှာ Piano အသံက အသံအရမ်းပါးသားပါပြီ။ လေသံလိုမျိုးတွေ (တိပ်ခွေ ခေတ်တုန်းက လေသံလိုမျိုး ရှဲရှဲ အသံတွေမျိုးကို Engineering စကားအရ Hiss လို့ခေါ်ပါတယ်) များလာတတ်ပါတယ်။ ဒါကြောင့် ကျွှန်တော်သီချင်းမှာ High Note တွေကို တမင်တီးထည့်တားလည်း မရှိတဲ့ အတွက် မလိုအပ်တာကြောင့် အကုန်လုံး Roll off လုပ်လိုက်တာပါ။

နောက်ထပ်သုံးထားတာကတော့ Multiband Compressor ပါ။ နောက်ပိုင်းမှာ ကျွှန်တော် သုံးဖြတ်တာများလာတာကတော့ Multband Compressor ပါ။ Multiband Compressor ဟာ ကိုယ်လိုချင်တဲ့ Freq အပိုင်းတွေကို လိုအပ်သလို ထိန်းချုပ်နိုင်တဲ့ အတွက်ပါ။ နောက်ပိုင်းကျမှ Compressing လုပ်ပုံလုပ်နည်းတွေကို ရေးပါမယ်။ ခုကတော့ Freq ချိန်ထားတဲ့ သဘောအတိုင်း Low ကို ကျွှန်တော် Supress လုပ်ထားပြီးတော့ High Note အတွေ Lossely Compress ကို Attack time မြန်မြန်နဲ့ လုပ်ထားပါတယ်။

နောက်ထပ်တစ်ခုကတော့ Reverb ပါ။ သုံးထားတဲ့ Alogrithm ကတော့ Hall Type ပါ။ ဘာလို့လဲဆိုတော့ နားထောင်သူတွေကို အခန်းကျယ်ကျယ် မှောင်မိုက်နေတဲ့ အထဲမှာ Piano သံကြားနေရသလိုမျိုး ခံစားစေချင်လို့ပါ။ နောက်ကျမှာ အသေးစိတ် Reverb သုံးနည်းရေးပါ့မယ်။ ခုအဲဒါတွေပါပြောရင် မိုးချုပ်သွားနိုင်ပါတယ်။ Reverb မှာ အရေးကြီးဆုံးဖြစ်တဲ့ အပိုင်းနှစ်ခုက Lo-Cut နဲ့ High Cut ပါ။ ဒီသီချင်းကတော်တော်ကျစ်ကျစ်လစ်လစ် တီထားတဲ့ သီချင်းဆိုတော့ ကျွှန်တော် Melody Line မှာ Bass မလိုတဲ့ အတွက် 200 Hz အောက်ပိုင်းကို Reverb Processor ကို Ignore လုပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ 10 Khz အထက်ကို လည်း လုပ်ထားပါတယ်။ မလိုအပ်ဘဲ လေသံလိုမျိုးတွေ ခဏခဏကြားနေရရင် ကြားရတာ ရှုပ်သွားနိုင်တဲ့ အတွက်ပါ။ ဘာလို့လဲဆိုတော့ Hall Type Alogrithm တွေက Long Tail လို့ခေါ်တဲ့ အသံအရှည်ကြီး ကျန်တတ်ခဲ့တဲ့ ပုံစံရှိတတ်လို့ပါ။

နောက်မှ ဆက်ရေးတော့မယ် နောက်တစ်လိုင်းကို…. ဒီဟာရေးတာတင် အတော်ကြာတယ်။ Channel 6 ကို Preview ကြည့်ချင်ရင် ထည့်ပေးထားတယ်။

Follow

Get every new post delivered to your Inbox.