Tag Archive: FAQs


ကျေးဇူးတင်ပါတယ် ကိုဒီမို…
ဒါဆို အစ်ကို Pro Tool LE 7 က Digidesign  Sound Card (Hardware) မလိုဘူးလားဗျ… ကျွန်တော် သုံးဖူးတာက အဲဒီ Sound Card နဲ့ Pro Tool 7.3 ဗျ… အဲဒီ LE 7 ကော 7.3 ကော ဈေးနှုန်းလေးတွေသိချင်လို့ပါ အစ်ကို ရောင်းမယ်ဆိုတာကကော ဘယ်လောက်နဲ့ရောင်းမှာလဲဗျ… iLock နဲ့ သုံးရတဲ့ Pro Tool လဲရှိတယ်လို့ နားစွန်နားဖျား ကြားဖူးတယ် အစ်ကို… အဲဒါကကော ဘယ်လိုမျိုးလဲဗျ… M Powered Pro Tools ဆိုတာ အဲဒီ iLock နဲ့ သုံးရတဲ့ဟာလား အစ်ကို…
ကျွန်တော် က Audio Engineering သင်တန်းမတက်ဖူးဘူး အစ်ကိုရ… ၀ါသနာပါလို့ ဟိုမေးဒီမေးနဲ့ပဲလုပ်နေရတယ်… ကျွန်တော့် သူငယ်ချင်းတွေထဲမှာ SAE ဆင်းတဲ့ကောင်တွေရှိတယ် သူတို့ကိုလည်းဒီလိုပဲ အပူကပ်ပြီး မေးရတယ်ဗျ… ကျေးဇူး ကိုဒီမို ခုလိုရှင်းပြတဲ့အတွက်… နောက်မသိတာလဲမေးဦးမယ်အစ်ကို…

Pro Tools Software မှာ HD/LE/M-Powered ဆိုပြီး Product Lines သုံးမျိုးရှိပါတယ်။ M-Powered ကတော့ M-Audio က Pro Tools နဲ့ တွဲသုံးလို့ရအောင် လုပ်ထားတဲ့ M-Audio Products တွေရှိရင် ရပါတယ်။ LE ကတော့ Zapper ပြောတဲ့ လိုင်းပါ။ LE မှာ Mbox Family (ကျွှန်တော်ပြောတဲ့) နဲ့ 003 Family (Zapper ပြောတာလို့ထင်ပါတယ်) နှစ်ခုရှိပါတယ်။ Mbox က Personal ပိုဆန်ပါတယ်၊ ဈေးလည်းနည်းနည်း သက်သာပါတယ်။ 003 Family ကတော့ လက်ရှိပါ။ ကျွှန်တော် မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်ထိက သုံးတာတွေ့တာက 002 င်္Family ပါ။ 00x Family တွေမှာပဲ Rack နဲ့ Factory ဆိုပြီး နှစ်မျိုးရှိပါတယ်။ Rack ကတော့ Pro Tools နဲ့ တွဲသုံးလို့ရတဲ့ Interface Card သက်သက်ပါပဲ။ Factory ကတော့ ဈေးနည်းနည်းပိုကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Control Surface + Interface Card ပါ။ Control Surface ပါတဲ့ အတွက် Pro Tools မှာ ကျွှန်တော်အရင်က ပြောခဲ့သလိုမျိုး ချိန်လို့ရပါတယ်။

နောက်ဆုံး Professional တွေသုံးတဲ့ လိုင်းက HD လိုင်းပါ။ ဈေးအရမ်းကြီးပါတယ်။ HD လိုင်းက အပိုင်းသုံးပိုင်းပေါင်းထားတာပါ။ Core Systems ရယ် I/O Interfaces တွေက Pro Tools HD Software သုံးချင်ရင် သုံးရတာပါ။ နောက် Optional ဖြစ်တဲ့ Control Surface တွေကို ထပ်ထည့်လို့လဲရပါတယ်။ Core Systems က DSP ပါ။ Audio DSP ဆိုတာ Graphic Card မှာ PhysX ဆိုတာလိုမျိုးပါ။ DSP Card ရှိရင် Plug-ins တွေ Virtual Instruments တွေကို Run ရင် CPU ပေါ်မှာ တာဝန်မပိစေတော့ပဲ Core Systems က အကုန် Processing လုပ်ပေးပါတယ်။ I/O Interfaces တွေကတော့ Sound Card တွေပါ။ နောက်ဆုံး Optional အနေနဲ့ ထည့်လို့ရတဲ့ Control Surfaces တွေလည်း သုံးမျိုးရှိပါတယ်။ Icon (Recording Studio သုံး Control Surface Console) ၊ Venus (Live Recording သုံး Console) နဲ့ သူတို့ခေါ်တဲ့ Control Surfaces (နာမည်သတ်သတ်မပေးထားတဲ့) တွေဆိုတဲ့ သုံးမျိုးပါ။ Icon မှာ D-Control နဲ့ D-Command ဆိုတဲ့ Control Interface နှစ်မျိုးရှိပါတယ်။ Venue မှာလည်း သူ့ Control Surface Systems တွေရှိပါတယ်။

ကျွှန်တော့်စိတ်ထင် ချစ်စမ်းမောင် သုံးနေတာက Controls Surfaces အမျိုးအစားထဲက C|24 ပါ။ C|24 ကို Pro Tools HD နဲ့ကော LE နဲ့ရော Run လို့ရပါတယ်။ Command|8 ကတော့ HD/LE/M-Powered တွေအကုန်လုံးနဲ့သုံးလို့ရပါတယ်။

ilok နဲ့ တွဲသုံးတယ်ဆိုတာ ဘယ်လိုပြောလည်းမသိဘူး။ ilok ဆိုတာ Virtual Instruments တွေ Plug-ins တွေ Editing Software တွေကို Crack လို့မရအောင် ကာကွယ်မှုလုပ်ထားတဲ့ USB Key Dongle ပါ။
Pro Tools Software တွေ သုံးချင်ရင် သူနဲ့ သက်ဆိုင်တဲ့ Hardware တစ်ခုခု ရှိရမှာဖြစ်သလို Pro Tools Plug-ins တွေ Virtual Instruments တွေကို Run ချင်ရင် License နဲ့ ilok ရှိမှရမှာပါ။ ilok အလုပ်လုပ်ပုံက License Information ကို GSM လိုမျိုး Chip ထဲထည့်လိုက်တာပါ။ အဲဒါကို ilok ထဲထည့်ပြီး Software သုံးချင်တိုင်း ထည့်ထားပေးရတာပါ။

Nuendo မှာ သီချင်းတီးလို့ ရတယ်ဆိုတာဟုတ်လားဗျ… MIDI နဲ့တီးရင်တော့ရမယ်လို့ကျွန်တော်ထင်တယ်… သေချာမသိလို့မေးကြည့်တာပါ… သိရင် ကျေးဇူးပြုပါဦး… ပြီးတော့ Nuendo အကြောင်းလေးလည်း သေချာသိချင်ပါတယ်… အဲဒါလေးလည်း Please… ပြီးတော့ Cubase နဲ့ Nuendo က company တူတူပဲဗျ… အဲဒါ ဘယ်ဟာက ပိုကောင်းလဲ… ကျွန်တော်သုံးကြည့်တာတော့ တူတူလိုပဲဗျ… ဘယ် software က ဘယ်နေရာတွေမှာ ပိုကောင်းလဲဆိုတာ သေချာလေးသိချင်လို့ပါ…
ပြီးတော့… Pro Tool အကြောင်းလေးပါ… ပထမဆုံးသိချင်တာက Pro Tool ရဲ့ဈေးနှုန်းလေးပါ… ဘယ်လောက်လဲသေချာသိချင်လို့ပါ…
Pro Tool LE 7 ကိုပြောတာပါ… နောက်သိချင်တာတွေကိုတော့ ကျွန်တော် နောက်မှပဲမေးတော့မယ်ဗျာ… မေးလွန်းအားကြီးလို့ စိတ်ညစ်သွားရင် နောက်မေးလို့မရတော့မှာစိုးလို့ … ဟဲဟဲ …

သီချင်းတီးလို့ရတယ် ဆိုတာ ဘယ်လိုဆိုလဲချင်လဲမသိဘူး။ VSTi ကို Support လုပ်တဲ့ Workstation တိုင်း သီချင်းတီးလို့ရတယ်။ Cubase, Nuendo မှမဟုတ်ဘူး။ MIDI ဆိုတာက တစ်ကယ်တော့ Time Coded Digital Signal with Instruction Sets ပါ။ MIDI Device ကနေပို့လိုက်တဲ့ Data ကို Music Workstation တွေက နားထောင်ပြီး VSTi ရဲ့ Sound Engine ထဲကိုပို့ပြီး အသံထုတ်တာပါ။ ဒါက Midi နဲ့တီးတာပါ။ နောက်တီးထာကတော့ Audio Recording ပါ။ အပြင်က တစ်ကယ့် အသံထုတ်ပေးတဲ့ Instrument အသံတွေကို ဖမ်းတာပါ။ တစ်ချို့ Keyboard (တော်တော်များများ) တွေက Midi လဲပါပါတယ်။ ဒါကြောင့် Midi ကြီးပဲပါတဲ့ Instruments တွေကို Midi Controller လို့ခေါ်ပါတယ်။ ဒီကောင်တွေက အသံမထုတ်ပေးတာပါ။ နောက်တစ်ခုကတော့ Sample Libraries တွေနဲ့တီးတာပါ။ အဲဒါကတော့ အထူးရှင်းပြစရာမလိုပါဘူး ထင်ပါတယ်။ Audio Format ပါပဲ။

ခု ကျွှန်တော်သုံးတဲ့ Setup ဆိုရင် M-Audio Axiom (USB Midi Controller) ကနေ Laptop ထဲသွားပါတယ်။ Laptop ထဲမှာ Soft Synths (VSTi) တွေရှိပါတယ်။ Soft Synth ကို Host Software (FL Studio, Acid, Reason) တစ်ခုခုနဲ့ ဖွင့်ပါတယ်။ USB Controller ကနေတီးလိုက်တာကို Host က Midi ဖမ်းပေးပါတယ်။ ပြီးရင် ကိုယ်ကြိုက်တဲ့ အသံကို Soft Synth နဲ့ ချိန်ပါတယ်၊ ရှာပါတယ်။ အချောတီးပြီးသားကို တစ်ကယ်လို့ အသံကို Bounce လုပ်ချင်တယ်ဆိုရင် Audio အနေနဲ့ ပြန်ထုတ်ပါတယ်။ ဒါဆိုရင် Soft Synth တွေ အမြဲ Run စရာမလိုတော့ပါဘူး။

တစ်ကယ်လို့ အပြင်က Effect Processor အသံကိုသုံးချင်တယ်ဆိုရင်တော့ Audio Interface Card ကနေထွက်လာတာကို ကျွှန်တော်သုံးတဲ့ Korg KP3 နဲ့ ထဲကိုပို့ပါတယ်။ KP3 ကထွက်လာတဲ့ အသံကို Computer ထဲကို Interface Card သုံးပြီးထည့်ပါတယ်။ ဒါက ကျွှန်တော်အလုပ်လုပ်ပုံပါ။ ကျွှန်တော်က လုံးဝ Soft Synths သမားဆိုတော့ Setup အရမ်းရှင်းပါတယ်။

Nuendo နဲ့ Cubase ဘာမှမကွာပါ။ Nuendo က Video Editing Function ပိုပါပါတယ်။ Adobe After Effect တို့လို မျိုးတို့လို Special EFX မဟုတ်ပါ။ ရိုက်ထားတဲ့ Clip တွေကို သီချင်း Timeline တွေကို သုံးပြီး Editing လုပ်လို့ရပါတယ်။ ဖလင်ဆက်တဲ့ သဘောလိုပေါ့။ နောက်ပြီးတော့ Surrond Mixing ကို 7.1 ထိလားမသိဘူး ပေးပါတယ်။ Cubase 5 မှာတော့ အဲဒါတွေ အကုန်ပါလာပါတယ်။ Cubase 3 မှာတော့ အဲဒါမပါပါ။ ကျွှန်တော်က Video သိပ်စိတ်မဝင်စားတဲ့ အတွက် Nuendo အကြောင်းမသိပါ။ အကုန်ပြည့်ပြည့်စုံစုံသိချင်ရင် ဒီမှာဒေါင်းပါ။

အမြင် GUI ကိုပြောရင် Pro Tools က Cubase နဲ့ လုံးဝမတူအောင် Layout လုပ်ထားပါတယ်။ Workflow နည်းနည်းကွာသွားတာပေါ့။ ဒါပေမဲ့ Pro Tools ကော Cubase ရော Recording Based Editing Workstation ပါ။ Workstation သုံးမျိုးသုံးစား ခွဲလို့ရပါတယ်။ Loop Based Workstation (Acid, Ejay, FL Studio) တို့လို Sample တွေကိုဦးစားပေးတဲ့ GUI ရှိတဲ့ ဟာမျိုးရယ်၊ Sample Based Workstation (FL Studio, Propellerhead Reason) ရယ်၊ Recording Based Workstation ဖြစ်တဲ့ (Cubase, Pro Tools, Emagic (now Logic Studio on Mac), Acid, FL Studio) တို့ပါ။

Pro Tools က ဘာကွာလဲပြောရင် အများကြီးပြောရမှာပါ။ Pro Tools မှာ Digital Mixer တို့ HD Accel လို့ ခေါ်တဲ့ (Digital Signal Processing) System တွေရှိပါတယ်။ Pro Tools ကို အဲဒါတွေနဲ့ တွဲသုံးလို့ရပါတယ်။ ချုံပြောရရင်တော့ Studio မှာ တစ်ကယ့် Recording လုပ်တဲ့ Feel ရစေနိုင်ပါတယ်။ ကွန်ပျုတာကို မထိပါနဲ့ Editing Console က ခလုတ်တွေကို နှိပ်ရုံနဲ့ Software က လိုက်မှတ်ပေးပါတယ်။ ဆိုပါစို့ Mix Down လုပ်မယ်။ Pro Tools အပြည့်အစုံတာရှိရင် ကွန်ပျုတာကို ဘေးမှာထားလိုက် Mouse ကိုင်စရာမလို Keyboard ကိုင်စရာမလိုပါဘူး။ သီချင်းကိုနားထောင်ပြီး ဘယ်နေရာမှာ ဘယ် Instrument ကို Level ချမယ် ဘာကို Level တင်မယ် ဆိုတာကို တစ်ကယ့် Analog Mixer တွေလို ရွေ့ပေးလို့ရပါတယ်။ အဲဒါကို Pro Tools က အကုန်လိုက်မှတ်ပေးပါတယ်။ ကွန်ပျုတာ ရှေ့မှာထိုင်ပြီး Event တွေလိုက်ရေးစရာမလိုတော့ဘူးပေါ့။ Panning/Volume/FX Send (Pre or Post)/EQ’ing တွေကို On The Fly လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ Software ပဲရှိရင်တော့ Mouse နဲ့ Keyboard ပေါ့ဗျာ။ ကျွှန်တော်သိသလောက်တော့ Pro Tools က Mbox Interface Card ဒါမှမဟုတ် M-Audio က Interfacd Card တွေရှိမှသုံးလို့ရမှာပါ။ M-Audio က M Powered Pro Tools လို့ခေါ်ပါတယ်။ တူတူပါပဲ။ M-Audio နဲ့သုံးလို့ရအောင်လုပ်ထားတာပါ။ စိတ်ဝင်စားရင်တော့ Pro Tools LE 7 Original ရှိပါတယ်။ လိုချင်ရင် ရောင်းပါမယ်။

INTERNET SPEED ကိုဘယ်လိုမြန်အောင်လုပ်ရပါသလဲခင်ဗျာ။ ကျွန်တော်က အခု Singapore မှာနေပါတယ်။ ကျွန်တော်နေတဲ့အိမ်မှာက Internet သုံးတဲ့လူတွေ ၁၀ ယောက်လောက်ရှိတယ်။ အကုန်လုံး ပြိုင်သုံးရင် connection က လေးသွားတယ်။ ဒါ့ကြောင့် ကျွန်တော့် computer မှာ Internet Speed ကို မြန်အောင်လုပ်လို့ရပါသလား ခင်ဗျား။ Operating system (Windows Vista) / ကျွန်တော့်ကိုပြောပြပါခင်ဗျား…..

ကိုယ်ယူထားတဲ့ Internet Speed ရဲ့ Physical Capabilities ကိုထက်ပိုမြန်အောင် လုပ်လို့မရပါဘူး။ Connection ကို Efficient ဖြစ်အောင်ပဲ Optimize လုပ်ဖို့ပဲရပါတယ်။ Vista မှာ Internet Connection ကို Automatically Optimization ကို OS ကလုပ်ပေးထားပါတယ်။ လူဆယ်ယောက်လုပ်သုံးတယ်ဆိုတော့ အကိုက ဘယ်လောက်ယူထားလို့လဲ။ 10MB 5MB လောက်နဲ့အလုပ်မဖြစ်ဘူး ဒီလောက်လူများရင်။ 20 MB လောက် အနည်းဆုံး ယူဖို့ အကြံပေးချင်ပါတယ်။

Follow

Get every new post delivered to your Inbox.