Tag Archive: Audio Engineering


ကျွှန်တော်လည်း ကျွှန်တော်သိတာလေးနဲ့ ကူညီပေးချင်ပါတယ်။ ဒီအကြံညဏ်ကိုစတင်တဲ့ သူငယ်ချင်းကိုယ်တိုင်ကလဲ လာမေးတာရယ်၊ ကျွှန်တော့်အစ်မ မ April တို့လို လုပ်ချင်တဲ့လူတွေလည်းရှိရင် လုပ်နိုင်အောင်ရယ် ရည်ရွယ်ပြီးကျွှန်တော်ရေးပေးလိုက်တာပါ။ အခုအနေနဲ့ကတော့ နည်းနည်းအဆင့်ကျော်ပြီး အဓိကပြဿနာဖြေရှင်းနည်းကို ကူညီပေးချင်တာပါ။ အိမ်မှာ ကွန်ပျူတာနဲ့ Recording လုပ်တဲ့အခါမှာ မလွဲမရှောင်နိုင်တာက noise (Hiss happens. So does ground hum, computer noise, and any number of unwanted sonic artifacts) ဝင်ချင်းပါ။ Studio တွေမှာတောင်မှ တစ်ခါတစ်လေဖြစ်တတ် ဝင်တတ်ပါတယ်။ ကိုယ်က ဆိုထား ပြောထားတာကောင်းရဲ့နဲ့ တစ်ခါတစ်လေ မီးအားအတက်အကျ ပစ္စည်းချင်းထိမိရင် ဖြစ်တတ်ပါတယ်။ အဲလိုမျိုးဆိုရင် Reasonable ဖြစ်တဲ့ အနေအထားထိက Noise တွေကို လျှော့နိုင်အောင် လုပ်ပေးနိုင်ပါတယ်။

ဥပမာ ကျွှန်တော့် ဒီက သီချင်းတစ်ပုဒ်မှာ ဖမ်းထားတဲ့ Bass Line မှာ Signal Noise တစ်ခုက Click လိုလို Pop လိုလိုပုံစံနဲ့ပါနေပါတယ်။ Original နဲ့နားထောင်ရင် သိပ်မဆိုးပေမဲ့ သီချင်းထဲမှာ ကြည်ကြည်လင်လင် ကြားရဖို့အတွက် Dynamics တင်တဲ့အခါမှာ အဲဒီ Noise က အတော်ဆိုးဆိုးဝါးဝါး သိသာလာပါတယ်။ ဒီမှာ ဥပမာ ကြည့်ကြည့်ပါ။

Noise Waveform

Bass တီးတဲ့ အသံမလာခင်မှာ အဲလို Electronic Device တွေကြောင့် ဖြစ်တဲ့ Noise က စဝင်လာပါတယ်။ အဲဒီကစပြီး တီးတဲ့ တောက်လျှောက်မှာလဲ Background Noise အနေနဲ့ ပါဝင်လာပါတယ်။ အဲဒါကို ပြင်ဖို့အတွက် ဒီ Waves ကထုတ်တဲ့ Znoise ဆိုတဲ့ Plugin လေးရဲ့ အကူအညီနဲ့ Acid မှာလုပ်ထားပါတယ်။ Sound Forge နဲ့ ပြချင်ပေမဲ့လဲ့ Windows 7 မှာ Sound Forge မ Run တာကို မပြင်ရသေးတဲ့အတွက် Acid နဲ့ပြလိုက်တာ Sorry ပါ။ ဒါပေမဲ့ Sound Forge နဲ့ Acid က Company တစ်ခုထဲကမို့ icon လေးတွေနဲ့ လုပ်ရကိုင်ရတာ အတော်ကိုဆင်ပါတယ်။ ပထမဆုံး Acid မှာ ကျွှန်တော်ပြင်ချင်တဲ့ Track ရဲ့ Effect Line ထဲမှာ ဒီ Plug-in လေးကို ထည့်ပါ့မယ်။

How to Add an Effect to Track's Effect Rack

ထို့နောက် အောက်က ပုံအတိုင်းရလာရင် ဖေါ်ပြထားတဲ့အတိုင်း လုပ်လိုက်ပါ။

Step 1

အဲလိုလုပ်တာက ဘာလုပ်လဲဆိုတော့ Noise Profile ရဲ့ Signature ကိုယူတာပါ။ အဲဒါလုပ်ပြီးနောက် အခုန Plug ins မှာ စစချင်းအသုံးပြုတွေအတွက် အသုံးအလိုဆုံး Control နှစ်ခုအကြောင်းပြောပါမယ်။ Threshold နဲ့ Reduction ပါ။ Threshold ဆိုတာက Signal ရဲ့ အဝင် Level နဲ့ဆင်ပါတယ်။ Threshold ကိုချိန်ခြင်းအားဖြင့် Effect Processor ကိုပြောလိုက်တာက ဒီ Threshold Level အောက်ပိုင်းကစတဲ့ Signal ပေါ်မှာအလုပ်လုပ်မယ်ဆိုတဲ့ သဘောပါ။ ဒီကောင်ကို များသောအားဖြင့် Negative Value မှာ ထားရတာများပါတယ်။ ပုံမှန် အထက်ကပြောခဲ့တဲ့ Noise တွေက အဲလောက် Level မမြင့်လို့ပါ။ အဲဒါကတော့ ကိုယ်တိုင်နားထောင်ပြီး အကောင်းဆုံးအသံဖယ်ပေးနိုင်တဲ့ အနေအထားနဲ့ Original ကိုယ်တီးထားဆိုထားတဲ့ အပိုင်းက အသံတွေ မပျက်ဆီးနိုင်လောက်တဲ့ နေရာကို ထားပေးပါ။

ဥပမာ ကျွှန်တော့်ရဲ့ Bass တီးထားတဲ့ အသံမှာ Noise Level က -45 db လောက်ရှိပါတယ်။ အဲဒါကို Program ရဲ့ ကိုယ့် Track မှာ Output ဘယ်လောက်ပြန်ထွက်လဲပြတဲ့ Meter မှာဖတ်လို့ရပါတယ်။ ဒါကြောင့် ကျွှန်တော်သူ့ထက်နည်းနည်းပိုမြင့်တဲ့ Value ဖြစ်တဲ့ -30.0 db လောက်မှာ Threshold ကို ချိန်လိုက်ပါတယ်။

Reduction ဆိုတာက အဲဒီ Threshold အောက်က Signal တွေကို ဘယ်လောက် Ratio နဲ့လျှော့ချမလဲပါ။ များသောအားဖြင့် 1:1 Ratio ရှိတဲ့ Settings တော်တော်များများက အလုပ်ဖြစ်တဲ့အတွက် ကျွှန်တော် Reduction မှာလည်း 30 ထားလိုက်ပါတယ်။ လျှောက်ဆော့ကြည့်ပါ။ နားလည်လာပါလိမ့်မယ်။ ဥပမာ 15 လောက်ဆို Noise က နည်းသွားပေမဲ့ ကျန်ခဲ့ပါသေးတယ်။ အရမ်းတင်လိုက်ရင်လဲ အသံ Quality ကိုပျက်စီးစေပါတယ်။ Max နီးနီးလောက်ကို ထားကြည့်လိုက်ပါ။ Bass တီးထားတဲ့အသံရဲ့ Sonic Quality ပျက်သွားတာကြားရပါမယ်။ ဒါကြောင့် ကိုယ့်နားထောင်လို့ အကောင်းဆုံးဖြစ်တဲ့ အနေအထားကိုရွေးကြည့်ပါ။ ခု Playback တစ်ခါပြန်လုပ်ပြီး နားထောင်ကြည့်ပါ။ <span style=”color: rgb(255, 0, 0);”>Learn ဆိုတဲ့ Button ကို ပြန်နှိပ်စရာမလိုတော့ပါ။ Playback Only ပဲလုပ်ကြည့်ပါ။</span>

ဥပမာ အောက်မှာ ကြည့်ကြည့်ပါ။

Znoise Sample Settings

ဒါပါပဲ ပြီးရင် ချိန်နည်းကတော့ပြီးပါပြီ။ Sound Forge မှာ ကိုယ်ပြင်ထားတဲ့ အသံကို ဘယ်လို File အသစ်အနေနဲ့ သိမ်းလည်းပြချင်ပေမဲ့ Sound Forge ဖွင့်မရလို့ လောလောဆယ် Acid နဲ့ပဲ ပြောပြလိုက်ပါတယ်။ File &gt; Render As ဆိုတာကိုရွေးပြီး ကိုယ်ကြိုက်တဲ့ အသံ Format နဲ့ သိမ်းလိုက်နိုင်ပါပြီ။

Nuendo မှာ သီချင်းတီးလို့ ရတယ်ဆိုတာဟုတ်လားဗျ… MIDI နဲ့တီးရင်တော့ရမယ်လို့ကျွန်တော်ထင်တယ်… သေချာမသိလို့မေးကြည့်တာပါ… သိရင် ကျေးဇူးပြုပါဦး… ပြီးတော့ Nuendo အကြောင်းလေးလည်း သေချာသိချင်ပါတယ်… အဲဒါလေးလည်း Please… ပြီးတော့ Cubase နဲ့ Nuendo က company တူတူပဲဗျ… အဲဒါ ဘယ်ဟာက ပိုကောင်းလဲ… ကျွန်တော်သုံးကြည့်တာတော့ တူတူလိုပဲဗျ… ဘယ် software က ဘယ်နေရာတွေမှာ ပိုကောင်းလဲဆိုတာ သေချာလေးသိချင်လို့ပါ…
ပြီးတော့… Pro Tool အကြောင်းလေးပါ… ပထမဆုံးသိချင်တာက Pro Tool ရဲ့ဈေးနှုန်းလေးပါ… ဘယ်လောက်လဲသေချာသိချင်လို့ပါ…
Pro Tool LE 7 ကိုပြောတာပါ… နောက်သိချင်တာတွေကိုတော့ ကျွန်တော် နောက်မှပဲမေးတော့မယ်ဗျာ… မေးလွန်းအားကြီးလို့ စိတ်ညစ်သွားရင် နောက်မေးလို့မရတော့မှာစိုးလို့ … ဟဲဟဲ …

သီချင်းတီးလို့ရတယ် ဆိုတာ ဘယ်လိုဆိုလဲချင်လဲမသိဘူး။ VSTi ကို Support လုပ်တဲ့ Workstation တိုင်း သီချင်းတီးလို့ရတယ်။ Cubase, Nuendo မှမဟုတ်ဘူး။ MIDI ဆိုတာက တစ်ကယ်တော့ Time Coded Digital Signal with Instruction Sets ပါ။ MIDI Device ကနေပို့လိုက်တဲ့ Data ကို Music Workstation တွေက နားထောင်ပြီး VSTi ရဲ့ Sound Engine ထဲကိုပို့ပြီး အသံထုတ်တာပါ။ ဒါက Midi နဲ့တီးတာပါ။ နောက်တီးထာကတော့ Audio Recording ပါ။ အပြင်က တစ်ကယ့် အသံထုတ်ပေးတဲ့ Instrument အသံတွေကို ဖမ်းတာပါ။ တစ်ချို့ Keyboard (တော်တော်များများ) တွေက Midi လဲပါပါတယ်။ ဒါကြောင့် Midi ကြီးပဲပါတဲ့ Instruments တွေကို Midi Controller လို့ခေါ်ပါတယ်။ ဒီကောင်တွေက အသံမထုတ်ပေးတာပါ။ နောက်တစ်ခုကတော့ Sample Libraries တွေနဲ့တီးတာပါ။ အဲဒါကတော့ အထူးရှင်းပြစရာမလိုပါဘူး ထင်ပါတယ်။ Audio Format ပါပဲ။

ခု ကျွှန်တော်သုံးတဲ့ Setup ဆိုရင် M-Audio Axiom (USB Midi Controller) ကနေ Laptop ထဲသွားပါတယ်။ Laptop ထဲမှာ Soft Synths (VSTi) တွေရှိပါတယ်။ Soft Synth ကို Host Software (FL Studio, Acid, Reason) တစ်ခုခုနဲ့ ဖွင့်ပါတယ်။ USB Controller ကနေတီးလိုက်တာကို Host က Midi ဖမ်းပေးပါတယ်။ ပြီးရင် ကိုယ်ကြိုက်တဲ့ အသံကို Soft Synth နဲ့ ချိန်ပါတယ်၊ ရှာပါတယ်။ အချောတီးပြီးသားကို တစ်ကယ်လို့ အသံကို Bounce လုပ်ချင်တယ်ဆိုရင် Audio အနေနဲ့ ပြန်ထုတ်ပါတယ်။ ဒါဆိုရင် Soft Synth တွေ အမြဲ Run စရာမလိုတော့ပါဘူး။

တစ်ကယ်လို့ အပြင်က Effect Processor အသံကိုသုံးချင်တယ်ဆိုရင်တော့ Audio Interface Card ကနေထွက်လာတာကို ကျွှန်တော်သုံးတဲ့ Korg KP3 နဲ့ ထဲကိုပို့ပါတယ်။ KP3 ကထွက်လာတဲ့ အသံကို Computer ထဲကို Interface Card သုံးပြီးထည့်ပါတယ်။ ဒါက ကျွှန်တော်အလုပ်လုပ်ပုံပါ။ ကျွှန်တော်က လုံးဝ Soft Synths သမားဆိုတော့ Setup အရမ်းရှင်းပါတယ်။

Nuendo နဲ့ Cubase ဘာမှမကွာပါ။ Nuendo က Video Editing Function ပိုပါပါတယ်။ Adobe After Effect တို့လို မျိုးတို့လို Special EFX မဟုတ်ပါ။ ရိုက်ထားတဲ့ Clip တွေကို သီချင်း Timeline တွေကို သုံးပြီး Editing လုပ်လို့ရပါတယ်။ ဖလင်ဆက်တဲ့ သဘောလိုပေါ့။ နောက်ပြီးတော့ Surrond Mixing ကို 7.1 ထိလားမသိဘူး ပေးပါတယ်။ Cubase 5 မှာတော့ အဲဒါတွေ အကုန်ပါလာပါတယ်။ Cubase 3 မှာတော့ အဲဒါမပါပါ။ ကျွှန်တော်က Video သိပ်စိတ်မဝင်စားတဲ့ အတွက် Nuendo အကြောင်းမသိပါ။ အကုန်ပြည့်ပြည့်စုံစုံသိချင်ရင် ဒီမှာဒေါင်းပါ။

အမြင် GUI ကိုပြောရင် Pro Tools က Cubase နဲ့ လုံးဝမတူအောင် Layout လုပ်ထားပါတယ်။ Workflow နည်းနည်းကွာသွားတာပေါ့။ ဒါပေမဲ့ Pro Tools ကော Cubase ရော Recording Based Editing Workstation ပါ။ Workstation သုံးမျိုးသုံးစား ခွဲလို့ရပါတယ်။ Loop Based Workstation (Acid, Ejay, FL Studio) တို့လို Sample တွေကိုဦးစားပေးတဲ့ GUI ရှိတဲ့ ဟာမျိုးရယ်၊ Sample Based Workstation (FL Studio, Propellerhead Reason) ရယ်၊ Recording Based Workstation ဖြစ်တဲ့ (Cubase, Pro Tools, Emagic (now Logic Studio on Mac), Acid, FL Studio) တို့ပါ။

Pro Tools က ဘာကွာလဲပြောရင် အများကြီးပြောရမှာပါ။ Pro Tools မှာ Digital Mixer တို့ HD Accel လို့ ခေါ်တဲ့ (Digital Signal Processing) System တွေရှိပါတယ်။ Pro Tools ကို အဲဒါတွေနဲ့ တွဲသုံးလို့ရပါတယ်။ ချုံပြောရရင်တော့ Studio မှာ တစ်ကယ့် Recording လုပ်တဲ့ Feel ရစေနိုင်ပါတယ်။ ကွန်ပျုတာကို မထိပါနဲ့ Editing Console က ခလုတ်တွေကို နှိပ်ရုံနဲ့ Software က လိုက်မှတ်ပေးပါတယ်။ ဆိုပါစို့ Mix Down လုပ်မယ်။ Pro Tools အပြည့်အစုံတာရှိရင် ကွန်ပျုတာကို ဘေးမှာထားလိုက် Mouse ကိုင်စရာမလို Keyboard ကိုင်စရာမလိုပါဘူး။ သီချင်းကိုနားထောင်ပြီး ဘယ်နေရာမှာ ဘယ် Instrument ကို Level ချမယ် ဘာကို Level တင်မယ် ဆိုတာကို တစ်ကယ့် Analog Mixer တွေလို ရွေ့ပေးလို့ရပါတယ်။ အဲဒါကို Pro Tools က အကုန်လိုက်မှတ်ပေးပါတယ်။ ကွန်ပျုတာ ရှေ့မှာထိုင်ပြီး Event တွေလိုက်ရေးစရာမလိုတော့ဘူးပေါ့။ Panning/Volume/FX Send (Pre or Post)/EQ’ing တွေကို On The Fly လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ Software ပဲရှိရင်တော့ Mouse နဲ့ Keyboard ပေါ့ဗျာ။ ကျွှန်တော်သိသလောက်တော့ Pro Tools က Mbox Interface Card ဒါမှမဟုတ် M-Audio က Interfacd Card တွေရှိမှသုံးလို့ရမှာပါ။ M-Audio က M Powered Pro Tools လို့ခေါ်ပါတယ်။ တူတူပါပဲ။ M-Audio နဲ့သုံးလို့ရအောင်လုပ်ထားတာပါ။ စိတ်ဝင်စားရင်တော့ Pro Tools LE 7 Original ရှိပါတယ်။ လိုချင်ရင် ရောင်းပါမယ်။

Audio Engineering ပစ်ထားတာလဲ အတော်ကြာပြီ။ ကိုယ်တိုင်ကလဲ သီချင်းမှ အမြဲမလုပ်ဖြစ်တော့တာကိုး။ ခုတော့ နည်းနည်းလေးရေးလိုက်ဦးမယ်

ဒီဟာလေးကို စိတ်ထဲမှာ ရေးပစ်နေတာ အတော်ကြာပြီ။ :D စာကြီး လတ်ချာဆန်ဆန်ရေးတာထက်စာရင် ပေါ့ပေါ့ပါးပါးလေး ကျွှန်တော် ဘယ်လိုလုပ်ထားလဲပဲ ဆွေးနွေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Mixing နဲ့ Mastering လုပ်တယ်ဆိုတာ ဖန်တီးတဲ့ Engineer ပေါ်မှာမူတည်တယ်။ သီချင်းကောင်းပေမဲ့ Mixing မကောင်းရင် ရစရာ မရှိအောင်လည်းဖြစ်တတ်တယ်လေ။ သူ Feel လာသလို ချိန်ခွင့် ရှိတယ်။ ဒီလိုချိန်ရမယ် ဒီလိုချိန်သင့်တယ်ဆိုတဲ့ မူသေ Mixing/Mastering မရှိဘူး။ အခု ရေးဖို့အတွက် ကျွှန်တော်ကဟိုတစ်လောက ကလိထားတဲ့ River Flows in You ကို ကျွှန်တော်ချိန်ထားတဲ့ ပုံစံလေး ပြောပြချင်ပါတယ်။ အဲဒီကို နားထောင်ချင်ရင် ဒီမှာ သွားယူလို့ရပါတယ်။ ခုက Instrumental သီချင်း သူများသီချင်းကို ပြန် Cover လုပ်ထားတာဆိုတော့ FL မှာ Arrangement ကို မလုပ်ထားပဲနဲပဲ့ ပထမဆုံး Page ပေါ်မှာ တစ်ပုဒ်လုံးက တီးချထားပါတယ်။

ကျွှန်တော်သုံးထားတာကတော့ FL 9 နဲ့ reFX က Nexus VSTi တို့ကို အသုံးချထားပါတယ်။ အတတ်နိုင်ဆုံးအဆင်ပြေအောင် ကျွှန်တော် FL 9 က ပါလာတဲ့ Plugin တွေကိုပဲ သုံးထားပါတယ် nexus ကလွဲရင်။ ကျွှန်တော်တင်ပေးထားတဲ့ အပုဒ်မှာတော့ Piano နှစ်လိုင်းပဲပါပါတယ်။ ခု Screenshot မှာတော့ ကျွှန်တော်ထပ်ကလိထားတဲ့ Orchestral လိုင်းရယ် SQ တစ်လိုင်းရယ် အပိုပါနေပါတယ်။ အဲဒီနှစ်ခုကို မပြောပဲ Piano နှစ်လိုင်းကို ဘယ်လိုချိန်ထားလဲပဲ ပြောသွားပါမယ်။ Track 1 ကတော့ Main Melody (သ) Treble လိုင်း (International Note အရဆိုရင်) ပါ။ တတိယ Track ကတော့ Bass လိုင်းပါ Melody ကို လိုက် Fill Up လုပ်ပေးထားတာပါ။

ကျွှန်တော် ပထမလိုင်းက Melody အတွက် Mixer Channel 1 မှာ သုံးထားတာက ကျွှန်တော် အကြိုက်ဆုံး အသုံးအများဆုံး အမျိုးအစား တစ်ခုဖြစ်တဲ့ Parametric EQ ပါ။ နောက်ထပ် တစ်မျိုးကတော့ Multband Compressor ပါ။ နောက်ဆုံးသုံးထားတာက Reverb ပါ။ ပြီးတော့ ကျွှန်တော် လုပ်ထားတာက Sub Bus 1, 2, 3, 4 ကို Channel 1 ကထွက်တာမှန်သမျှကို ပို့ထားပါတယ်။ ဒါပေမဲ့ ပုံထဲမှာ တွေ့ရတဲ့ အတိုင်း Channel 1 က Sub Bus 1 ထဲက ဘာမှ ပို့ထားခြင်းမရှိပေမဲ့ ပုံထဲမှာတော့ Sub 1 ဟာ Level တက်နေတာ တွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွှန်တော်က Channel 1 အထွက်ကို Channel 6 ထဲကို လွှဲထားလိုက်ပါတယ် ဘာလို့လဲဆိုတော့ Bass Line တီးထားတဲ့ Channel 2 ကိုလည်း  Channel 6 ထဲပို့ထားလိုက်ပါတယ်။ ဘာလို့ ကျွှန်တော်အဲလိုလုပ်လိုဆိုတာ နောက်ရှင်းပြမယ်။ ခုပုံအရဆို ကျွှန်တော်က Sub 2 ထဲမှာ Delay တစ်ခု၊ Sub 3 ထဲမှာ နောက်ထပ် Delay အမျိုးအစားတစ်ခုနဲ့ Sub 4 ထဲမှာ Filter အမျိုးအစားဖြစ်တဲ့ Phasor တစ်ခုထည့်ထားပါတယ်။ Sub 4 ကတော့ ရှင်းပါတယ်။ ကျွှန်တော် Piano နှစ်လိုင်းလုံးကို Steroe Image ဖြစ်အောင်/ ပိုပြန့်တဲ့ Stereo သံ ပိုဖြစ်အောင် ထည့်ထားတာပါ။ FL ရဲ့ Philter EFX ထဲက Preset Bank ထဲက Steroerizer ဆိုတာပဲ သုံးထားပါတယ်။

ပထမဆုံး EQ ဘယ်လို ချိန်ထားလဲပြောပြပါ့မယ်။ Melody လိုင်းက သီချင်းရဲ့ အဓိက အပိုင်းဖြစ်တဲ့ အတွက် သီချင်းရဲ့ Upper Mid အပိုင်းကို သူက အဓိက သယ်ဆောင်ပါတယ်။ ဒါပေမဲ့  သူကလည်း သူရဲ့ ကိုယ်ပိုင် Body အသံရှိတဲ့ အတွက် Low Frequency တွေပါပါတယ်။ Low Freq တွေကို ကျွှန်တော်မဖြတ်ထုတ်ဘဲ ပထမဆုံးလိုင်းကြီးပဲ နားထောင်ကြည့်ရင် အတော်နားထောင်လို့ကောင်းပါတယ်။ ဒါပေမဲ့ တတိယလိုင်းဖြစ်တဲ့ Bass ကိုပါထည့်လိုက်တဲ့ အချိန်မှာ တူတူနားထောင်ကြည့်တဲ့ အခါမှာ အသံတွေ Clush ဖြစ်ကုန်ပါတယ်။ ဒါကြောင့် 100 Hz ပတ်ဝန်းကျင်က စပြီး အောက်ပိုင်းကို ကျွှန်တော် အကုန် ဖြတ်ထုတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ Bass တီးထားတဲ့လိုင်းကို သူ့နေရာပေးစေချင်လို့ပါ။ ကျွှန်တော် အပေါ်မှာပြောခဲ့တုန်းက Mixing မှာ Engineer ခံစားသလိုချိန်တယ်လို့ပြောထားပါတယ်။ ဒါပေမဲ့ Engineeer တော်တော်များများ လက်ခံထားတာ တစ်ခုက Instrument တစ်ခုကို နားထောင်ကောင်းစေချင်ရင် EQ Boost လုပ်တာထက်စာရင် EQ Cut များများလုပ်ခြင်းပါ။ ဘာကြောင့်လဲဆိုတော့ Over EQ’ing မဖြစ်စေချင်လို့ပါ။ ဘာလို့လဲဆိုတော့ Mixing တစ်လျှောက်လုံးကနေ Mastering ထိက လိုအပ်တိုင်း EQ ကိုင်နေရတာပါ။ စစခြင်းမှာ အရမ်းတင်ထားရင် အသံတွေ ကွဲကုန်တတ်ပါတယ် Mastering အဆင့်လောက်ရောက်ရင်။ ကျွှန်တော်ဆို တစ်ခုကို စချိန်မယ်ဆိုရင် ဘယ်နား တိုးမလဲဆိုတာထက် ဘယ်နားလှျော့့မလဲ ဘယ်နားဖြုတ်မလဲ အရင် စဉ်းစားပါတယ်။

ထို့နောက် Low သံထဲက Character တွေ တစ်ချို့ကို ပေါ်စေချင်တဲ့ အတွက် 300 Hz ပတ်ဝန်းကျင်ကို 3.0db လောက် နည်းနည်းတင်ထားပေးပါတယ်။ ဥပမာ တီးထားကို ခဏရပ်လိုက်တဲ့ အချိန်မှာ Delay နဲ့ အတူကျန်ခဲ့တဲ့ အသံတွေမှာ Low ဖြစ်တဲ့ Body အသံကို Emphasize လုပ်ပေးစေချင်လို့ပါ။ နောက်ပြီးတော့ 1500 Hz နားလောက်မှာ 2.0 လောက် နည်းနည်းလျှော့ထားပေးပြီးတော့ ထားလိုက်ပါတယ်။ ဘာအတွက်လဲဆိုတော့ အဲဒီ ပတ်ဝန်းကျင် နားလောက်မှာ Instrument တွေက Muddy ထုန်ထုန်ကြီးဖြစ်တတ်ပါတယ်။ အထူးသဖြင့် သစ်သား Body နဲ့လုပ်ထားတဲ့ String Instruments အမျိုးအစားတွေမှာပါ။ ဒါပေမဲ့ ကျွှန်တော်သုံးထားတာ Plugin တွေပဲ Electronic အသံမပေါက်ဘူးလား ထင်ရင် ရှင်းပြပါရစေ။ Nexus က Sampling Based VSTi ပါ။ တစ်ကယ့် Instrument က အသံတွေကို ဖမ်းထားပြီးတော့ သူနဲ့သက်ဆိုင်တဲ့ Key Zone တွေမှာ အသံအမျိုးမျိုးကို Layer ထပ်ထားတာပါ။ ဒါကြောင့် သီချင်းမှာ တစ်ကယ့် Piano အသံပေါက်နေတာပါ။

နောက်ပြီးတော့ 2200 ပတ်ဝန်းကျင်လောက်ကစပြီး နည်းနည်း ပြန် Boost လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပိုင်းမှာ Piano က စပြီး သူ့ရဲ့ Melodic အပိုင်းက ရောက်လာပါပြီ။ သူ့ရဲ့ Color တော်တော်များများက အဲဒီနားပတ်ဝန်းကျင်မှာ ရှိနေတတ်လို့ပါ။

ထို့နောက် 10000Hz or 1KHz ပတ်ဝန်းကျင်လောက်မှာ သိသိသာသာ တိုးထားပါတယ်။ ဒီနေရာဟာ Piano ရဲ့ Main Melody Range ပါ။ ဒီအပိုင်းကို တိုးချင်အားဖြင့် Melody ပိုပေါ်စေပြီး အသံကို ပိုကြည်လင်စေပါတယ်။ ဒါပေမဲ့ High Freq ကို သတိထားရပါ့မယ်။ High Freq ကို အရမ်းကိုတင်ထားရင အသံပျက်ပြီး နားထောင်ရတဲ့ သူအတွက် ဆိုးစေပါတယ်။ ဒီအချက်ဟာ Metal တို့ Rock တို့ကို လူတိုင်းမကြိုက်သလိုပေါ့။ အရမ်းဆူညံတယ်လို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ Rock Metal ရဲ့ Distoration Guitar အသံတွေဟာ ဒီနေရာမှာ အများဆုံးရှိတတ်လို့ပါ။ နောက်တစ်မျီုးအရဆိုရင် အရင်တုန်းက အခွေတွေဟာ ခုခေတ် သီချင်းခွေတွေနဲ့ ယှဉ်ကြည့်ရင် Melodic ဖြစ်တာနည်းတယ် သိပ်ပြီးတော့ Live မဖြစ်သလို ခံစားရပါတယ်။ အရင်တုန်းက နည်းပညာက High Freq တွေကို သေချာ မကိုင်တွယ်နိုင်လို့ပါပဲ။

နောက်ဆုံးအနေနဲ့ ကျွှန်တော်က 16 Khz လောက်ကစပြီး အကုန်ဖြတ်ထုတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ အထက်ပိုင်းမှာ Piano အသံက အသံအရမ်းပါးသားပါပြီ။ လေသံလိုမျိုးတွေ (တိပ်ခွေ ခေတ်တုန်းက လေသံလိုမျိုး ရှဲရှဲ အသံတွေမျိုးကို Engineering စကားအရ Hiss လို့ခေါ်ပါတယ်) များလာတတ်ပါတယ်။ ဒါကြောင့် ကျွှန်တော်သီချင်းမှာ High Note တွေကို တမင်တီးထည့်တားလည်း မရှိတဲ့ အတွက် မလိုအပ်တာကြောင့် အကုန်လုံး Roll off လုပ်လိုက်တာပါ။

နောက်ထပ်သုံးထားတာကတော့ Multiband Compressor ပါ။ နောက်ပိုင်းမှာ ကျွှန်တော် သုံးဖြတ်တာများလာတာကတော့ Multband Compressor ပါ။ Multiband Compressor ဟာ ကိုယ်လိုချင်တဲ့ Freq အပိုင်းတွေကို လိုအပ်သလို ထိန်းချုပ်နိုင်တဲ့ အတွက်ပါ။ နောက်ပိုင်းကျမှ Compressing လုပ်ပုံလုပ်နည်းတွေကို ရေးပါမယ်။ ခုကတော့ Freq ချိန်ထားတဲ့ သဘောအတိုင်း Low ကို ကျွှန်တော် Supress လုပ်ထားပြီးတော့ High Note အတွေ Lossely Compress ကို Attack time မြန်မြန်နဲ့ လုပ်ထားပါတယ်။

နောက်ထပ်တစ်ခုကတော့ Reverb ပါ။ သုံးထားတဲ့ Alogrithm ကတော့ Hall Type ပါ။ ဘာလို့လဲဆိုတော့ နားထောင်သူတွေကို အခန်းကျယ်ကျယ် မှောင်မိုက်နေတဲ့ အထဲမှာ Piano သံကြားနေရသလိုမျိုး ခံစားစေချင်လို့ပါ။ နောက်ကျမှာ အသေးစိတ် Reverb သုံးနည်းရေးပါ့မယ်။ ခုအဲဒါတွေပါပြောရင် မိုးချုပ်သွားနိုင်ပါတယ်။ Reverb မှာ အရေးကြီးဆုံးဖြစ်တဲ့ အပိုင်းနှစ်ခုက Lo-Cut နဲ့ High Cut ပါ။ ဒီသီချင်းကတော်တော်ကျစ်ကျစ်လစ်လစ် တီထားတဲ့ သီချင်းဆိုတော့ ကျွှန်တော် Melody Line မှာ Bass မလိုတဲ့ အတွက် 200 Hz အောက်ပိုင်းကို Reverb Processor ကို Ignore လုပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ 10 Khz အထက်ကို လည်း လုပ်ထားပါတယ်။ မလိုအပ်ဘဲ လေသံလိုမျိုးတွေ ခဏခဏကြားနေရရင် ကြားရတာ ရှုပ်သွားနိုင်တဲ့ အတွက်ပါ။ ဘာလို့လဲဆိုတော့ Hall Type Alogrithm တွေက Long Tail လို့ခေါ်တဲ့ အသံအရှည်ကြီး ကျန်တတ်ခဲ့တဲ့ ပုံစံရှိတတ်လို့ပါ။

နောက်မှ ဆက်ရေးတော့မယ် နောက်တစ်လိုင်းကို…. ဒီဟာရေးတာတင် အတော်ကြာတယ်။ Channel 6 ကို Preview ကြည့်ချင်ရင် ထည့်ပေးထားတယ်။

Follow

Get every new post delivered to your Inbox.