Category: Software


iTunes 10 အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။ ပိုတောင်လွယ်သွားသေးတယ် :2။ Font Metadata မပြင်ပဲနဲ့တောင် လုပ်လို့ရမယ်ထင်တယ်။ အခုမှ စလုပ်မဲ့လူတွေစမ်းကြည့်လိုက်ပေါ့ :2။

ပထမဆုံး အရင်တုန်းက Resource Folder ထဲမှာပဲ TextStyles.plist ဆိုတာကို ရှာပြီး Notepad လိုမျိုး Plain Text Editor နဲ့ဖွင့်ပါ။ ကျွှန်တော်ကတော့ Geek Essential Tool ဖြစ်တဲ့ Notepad ++ နဲ့ပဲ ပြပါမယ်။

I used Notepad ++

TextStyles.plist read in Notepad ++

ထို့နောက် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။ ပုံထဲတွင် Segoe UI (Windows 7 Default Font) နှင့် Tahoma ဆိုတဲ့ Fonts နှစ်ခုရယ် ပုံထဲမှာ မမြင်ရတဲ့ Lucida Grande ဆိုတဲ့ Font ရယ်တွေ့ရပါမယ်။

Contents Viewed in Notepad ++

<String> "Myanmar Font Name, i.e. Zawgyi-one" </String>

ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi နဲ့ လဲပါမယ်။ Replace ကို Ctrl + H နှိပ်ပြီး ခေါ်လို့ရသလို ပုံမှာလည်းပြထားပါတယ်။

Search > Replace

Click Here To Replace Existing Fonts With Zawgyi-one

အရင်တုန်းက Font Metadata ပြောင်းထားဖူးတဲ့ သူတွေက ကိုယ်ပြောင်းထားတဲ့ Font Name ကိုပဲ ဆက်သုံးနိုင်သလို အခုမှ စလုပ်မဲ့လူတွေက Zawgyi-One ဆိုပြီး ပုံမှာပြထားသလို ပြောင်းထဲ့နိုင်ပါတယ်။

Find What တွင် Segoe UI, Tahoma နဲ့ Lucida Grande တို့ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One သို့ မိမိသုံးမဲ့ Font Name ကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်ပြီး Save လုပ်ပေးလိုက်ပါ။

Do step-by-step for all three fonts

Replace

ပြီးနောက် Viola Viola!!!

[b]Dropbox ပြန်လည် မိတ်ဆက်ပေးခြင်း[/b] :2

Dropbox ဘာကြောင့်သုံးသင့်လည်း အပြည့်အစုံ ဖတ်ချင်ရင် [url=http://mmcybermedia.com/community/index.php?topic=11620.msg331384#msg331384]ဒီမှာ[/url] ဖတ်ပေးပါ။

[glow=green,2,300][b]Dropbox အကောင့်အသစ်ဖွင့်ချင်ရင်လည်း [url=https://www.dropbox.com/referrals/NTM4ODEwMTI5]ဒီ Link[/url] ကနေ တစ်ဆင့်သွားပြီး Register လုပ်ပေးရင် ကျွှန်တော့်ကိုလည်း ကူညီရာရောက်ပါတယ်။[/b][/glow] :2

အခုကတော့ Dropbox Free Acccount ရှိတဲ့လူတွေအတွက် Storage အပိုရယူဖို့ နည်းလမ်းလေးပါ။ ကိုယ့်ရဲ့ Dropbox Account ထဲကို Login ဝင်ပြီးနောက် [url=https://www.dropbox.com/free#]ဒီ Link[/url] ကိုသွားပြီး သူပြထားတဲ့ Task လေးတွေ အလွယ်တစ်ကူလုပ်လိုက်တာနဲ့ Free Space အလကားရရှိနိုင်ပါတယ်။

[img]http://content.screencast.com/users/demohunter/folders/Jing/media/eb9f51fa-202b-4d0a-99b0-50d92aef7fc4/Dropbox%20Freespace.png[/img]

[img width=240 height=350]http://content.screencast.com/users/demohunter/folders/Jing/media/ad705853-0c35-47e9-b64f-b9beb44724b2/2010-12-10_0912.png[/img]

IDM တွင် Options ကိုနှိပ်ပါ။

[img width=400 height=35]http://img291.imageshack.us/img291/594/optionsa.png[/img]

ထို့နောက် Advanced browser integration ကိုနှိပ်ပြိးရင် IDM support လုပ်တဲ့ browser တွေပေါ်လာပါမယ်။ အဲမှာ ကိုယ်သုံးချင်တဲ့ Browsers များကို ရွေးပေးနိုင်ပါတယ်။

[img width=392 height=400]http://img155.imageshack.us/img155/8215/201006071909.png[/img]

Dropbox မိတ်ဆက်

[img]http://img718.imageshack.us/img718/9240/logorm.png[/img]

[img width=325 height=400]http://img513.imageshack.us/img513/5741/dropboxgeneralpreferenc.png[/img] [img width=325 height=400]http://img94.imageshack.us/img94/1517/dropboxnetworkperferenc.png[/img] [img width=400 height=182]http://img408.imageshack.us/img408/417/dropboxontaskbarmenu.png[/img]

ကျွှန်တော်လို Projects တွေ Assignments တွေ Documents တွေကို အမြဲတမ်း ခဏခဏဖွင့်လိုက် Update လုပ်ရတဲ့သူပေမဲ့ Flash Drive ခဏခဏပျောက်တတ်တဲ့ အကျင့်ရှိတဲ့သူတွေအတွက် Alternative တစ်ခုက Cloud Based System ဖြစ်တဲ့ Online Backup တစ်ခု Dropbox က အလွန်အရေးပါပါတယ်။ Dropbox က အလွန်လွယ်ကူလွန်းတဲ့ Backup တစ်ခုပါ။ Dropbox မှာ File Size ကို ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အကယ်၍သာ Premium Account ဝယ်ထားမယ်ဆိုရင် Size ကြီးတဲ့ Image ဖိုင်လ်တွေကို Backup လုပ်ရတာလွယ်ကူစေပါတယ်။ ပထမဆုံး Dropbox ဆိုဒ်မှာ Free Account ဖွင့်ခဲ့ရင် 2 Gb ရရှိမှာဖြစ်ပြီးတော့ Dropbox Software ကို မိမိစက်ထဲမှာ Install လုပ်ရပါမယ်။ Install လုပ်တဲ့အခါမှာ My Dropbox ကို ဘယ်မှာရွေးမလဲ မေးခဲ့ရင် ကိုယ်စိတ်ကြိုက်တစ်နေရာကို ရွေးပေးပါ။ ဥပမာ ကျွှန်တော့်စက်ထဲမှာ ဆိုရင်

[img width=400 height=135]http://img13.imageshack.us/img13/3075/dropboxonmycomputer.png[/img]

ထို့နောက် Dropbox software သည် My Dropbox ထဲက ကိုယ် Back up လုပ်ချင်တာတွေ၊ လုပ်နေဆဲ Projects တွေကိုရွေ့ထားခဲ့ရင် Dropbox software ဖွင့်တာနဲ့ ဖိုင်လ်တွေကို မိမိအကောင့်ထဲ Upload လုပ်သွားပါလိမ့်မယ်။ ပုံထဲတွင် ကျွှန်တော့် အကောင့်ထဲက Back up လုပ်ထားတဲ့အတိုင်း ပေါ်နေတာ တွေ့ရပါမယ်။

[img width=400 height=153]http://img3.imageshack.us/img3/2315/dropboxonthesite.png[/img]

အကယ်၍ Dropbox ကိုသုံးမလို့ အကောင့်ဖွင့်ခဲ့ပါက ဒီနေရာက ကျွှန်တော်ပေးထားတဲ့ လင့်လေးကနေ သွားခြင်းအားဖြင့် ကျွှန်တော့်ကို 250 Mb အလကား ရအောင် ကူညီပေးနိုင်ပါကြောင်း [img]http://www.kolobok.us/smiles/icq/biggrin.gif[/img] [quote]https://www.dropbox.com/referrals/NTM4ODEwMTI5[/quote]

ကွန်ပျုတာပြင်ပေးတဲ့သူတွေတွေ့ရတဲ့ အကြီးဆုံးဒုက္ခက ပျက်တဲ့ ကွန်ပျုတာပိုင်ရှင်ရဲ့ Technical Skills နည်းပါးမှုကြောင့် ဘာဖြစ်လည်း သေချာမပြောနိုင်နဲ့ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပြီး ရမ်းကုလုပ်ပေးရတာပါ ။ ထိုပြဿနာကို ဖြေရှင်းရန် Microsoft သည် Windows 7 မှစ၍ Problem Steps Recorder ဆိုတဲ့ ရေလည်ကို ပက်ပက်စက်စက် အသုံးဝင်တဲ့ Tool တစ်ခုကို ထည့်ပေးထားပါတယ်။ PSR သည် ဘာလုပ်ပေးလဲဆိုတော့ Application တစ်ခုကြောင့် Error တက်တာ Crashed ဖြစ်တာစသည်တို့ကို User တစ်ယောက်သုံးနေရင်းနဲ့ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်လာလည်းဆိုတာကို Step-by-step အဆင့်တိုင်းက ပတ်သက်တဲ့ Information မှန်သမျှကို Record လုပ်ပေးပါတယ်။

PSR ကို ဖွင့်ဖို့အတွက် Windows 7 Start Menu မှာ ပုံတွင်ပြထားသကဲ့သို့ ဖွင့်ပြီး ခေါ်နိုင်ပါသည်။

ထို့နောက် PSR ပွင့်လာတာနဲ့ Start Record ဆိုတာလုပ်ပြီး စမှတ်နိုင်ပါပြီ။

PSR သည် မိမိရိုက်လိုက်တဲ့ Text မှန်သမျှကို Record လုပ်ခြင်းမရှိတဲ့အတွက် အဆင့်တစ်ခုမှာ မေးစရာ၊ ပြောစရာတစ်ခုခုရှိပါက ပုံမှာတွေ့ရသလို Add Comment ကိုနှိပ်ပြီး ပြောချင်တာကို ထည့်ပေးနိုင်ပါတယ်။

နောက်ဆုံးပြီးဆုံးပါက Stop Record လုပ်တာနဲ့ ဘယ်မှာသိမ်းထားချင်လည်း Windows ပေါ်လာပါမယ်။ PSR သည် သိမ်းရင် Zip File အနေနဲ့သိမ်းထားပါသည်။

သိမ်းထားတဲ့ PSR ကိုဖွင့်ကြည့်ပါက ပထမဆုံး Unzip လုပ်လိုက်တာနဲ့ MHTML ဆိုတဲ့ Web Page Archive File တစ်ခုထွက်လာပါမယ်။ ထိုဖိုင်လ်ကို Internet Explorer နှင့် Firefox တွင်ဖွင့်ပြီးပါက အောက်မှာပြထားသကဲ့သို့ Web Page တစ်ခုတွေ့ရပါမယ်။

ထို့နောက် Slide show ဆိုတာနှိပ်ပြီး ပြန်ကြည့်နိုင်ပါပြီ။

ထို Zip File ကို IT Technician ကို မေးနိုင်ပါပြီ။

Below is a list of direct links to Windows 7 ISO images. These images can be mounted and installed directly, or burned to DVD. They do not come with a product key, and users have 30 days of testing before they need to enter a product key or rearm the operating system for another 30 days of testing.

| Windows 7 Home Premium | Windows 7 Professional |
x86 x86
x64 x64

Vista ကို အိမ်မှာသုံးသူတွှေအတွက်(အထူးသဖြင့် မြန်မာပြည်) မလိုအပ်တဲ့ Services တွေကို လျှော့ချလို့ရပါတယ်။ ကျွှန်တော်စမ်းကြည့်တာ Idle မှာ Memory 1.2 GB လောက် နေရာယူတာကနေ 980 MB လောက်ထိ လျှော့သွားပါတယ်။ လုပ်ကိုင်ရတာ လွယ်ပါတယ်။ ပထမဆုံး Control Panel ထဲက Programs and features ကိုဖွင့်လိုက်ပါ။ XP က Uninstall နဲ့ဆင်ပါတယ်။ အဲဒီမှာ ဘယ်ဖက် Pane မှာ Turn Windows features on or off ဆိုတာလေးကို နှိပ်လိုက်ပါ။

Add or Remove Programs

Add or Remove Programs

ထို့နောက် ဒီ Windows လေးပေါ်လာပါလိမ့်မယ်။

Turn Windows Feature on and off

Turn Windows Feature on and off

အကယ်၍ ကိုယ်က Windows Games တွေကို ကစားတဲ့ အကျင့်မရှိဘူးဆိုရင် Games လို့ဘေးနားက ပေါ်နေတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ရုံပါပဲ။ ကိုယ်ဖြုတ်ချင်တဲ့ ဟာတွေကို ဒီလိုလေးလိုက်လုပ်ပေးရုံပါပဲ။
နောက်ပြီးတော့ Print Services ဆိုတာ ဖြုတ်နိုင်ပါတယ်။ Local Printing (Printer ကို မိမိကွန်ပျုတာနှင့် တိုက်ရိုက်ချိတ်၍ သုံးခြင်း) ကို မထိခိုက်ပါဘူး။ Print Services အောက်မှာမှ မိမိက တစ်ခုထဲပဲအသုံးလိုတယ်ဆိုရင်လဲ Print Services ဘေးနားက Drop Down Menu ဖေါ်တဲ့ + Sign လေးကို နှိပ်ပေးလိုက်ပါ။ သုံးခုထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက Internet Printing Client ကတော့ Internet ပေါ်ကနေ Print ထုတ်ပေးချင်ရင် လိုပါလိမ့်မယ် (မြန်မာပြည်မှာမှ မသုံးတာတတ်ပါ)။ ဒါပေမဲ့ ဒီဟာက Lan ပေါ်မှာ Printing Server ကို Share သုံးမယ်ဆိုရင်တော့ လိုပါလိမ့်မယ်။
LPD Print Service ကတော့ Unix စက်တွေကို Windows တင်ထားတဲ့ စက်ရဲ့ Printer ကနေ ထုတ်ချင်တယ်ဆိုရင် လိုပါလိမ့်မယ်။ မြန်မာပြည်မှာ Unix သုံးမယ်လိုတော့ မထင်ပါ။
LPR Port Monitor ကတော့ LPD ရဲ့ ပြောင်းပြန်ပါ။ Windows ကနေ Unix Print Server ကိုလှမ်းသုံးချင်ရင်ပါ။
Remote Differential Compression ကတော့ Network မသုံးတဲ့ PC အတွေသိပ်မလိုပါဘူး။ သူကဘာလုပ်လဲဆိုတော့ Network ပေါ်မှာ Files တွေ Share သုံးရင် Local နဲ့ Remote ပေါ်မှာရှိတဲ့ File’s Check Sum Size တူနှစ်ခုကို ဘာကွာလဲ ယှဉ်ပြီး ကွာတဲ့ အပိုင်းကိုပဲ ပို့တာပါ။ Bandwidth ကို Save လုပ်နိုင်တာပေါ့။ Data အပြန်အလှန် ခဏခဏ ပို့တတ်တဲ့ Network တွေဆိုရင် သုံးတင့်ပါတယ်။
Tablet Laptop မသုံးရင်တော့ Tablet PC Optional Components ကိုဖြုတ်တာ ဖြုတ်ထားလိုက်ပါလို့ အကြံပေးချင်ပါတယ်။
Windows Meeting Space ကလည်း မြန်မာပြည်အနေနဲ့ အသုံးမလိုလောက်ပါဘူး။ သူက Exchange Server တို့ Live Space တို့နဲ့ ဆင်ပါတယ်။
Remote Differential Compression မသုံးရင် Windows DFS Replication Service အသုံး မလိုလောက်ပါဘူး။
ဝိတ်လျှော့ပြီးသွားရင်တော့ OK ရုံပါပဲ။ မိနစ်အတော်ကြာ ကြာပါမယ်။ နောက်တစ်ခါ Windows Restart လုပ်ရင် ဘယ်လောက် ဝိတ်လျှော့သွားလဲ စစ်ကြည့်လိုက်ပေါ့နော်။
ထပ်ပြီးတော့ လေ့လာချင်သေးရင် ဒီမှာ သွားလေ့လာနိုင်ပါတယ်။ http://www.bleepingcomputer.com/tutorials/tutorial134.html
ရေးသားသူ – đęЩюΉų№të® (ဒီမိုဟန်တာ)

ဒီ Hack လေးကတော့ iTunes မှာမြန်မာလိုမြင်ရအောင် Hack လုပ်တာပါ။ အကူအညီတောင်းထားတဲ့ဖက်မှာ Member တစ်ယောက်က တောင်းထားတာရယ်၊ ကျွှန်တော်ကိုယ်တိုင်ကလဲ iTunes ဖက်ကိုလုံးဝပြောင်းသုံးနေတဲ့အတွက် ကြိုးစားကြည့်လိုက်တာပါ။ iTunes မှာ ကိုယ်သုံးချင်တဲ့ Font အမျိုးအစားကို ပြောင်းသုံးခွင့်မရှိတဲ့အတွက် သီချင်းတွေမှာ မြန်မာ Font သုံးတဲ့လူတွေအခက်အခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးထောင့်အတုံးလေးတွေပဲ မြင်ရတဲ့အတွက်ပါ။ ဒီမှာတော့ ကျွှန်တော်လူတိုင်းလိုလိုသုံးတဲ့ Zawgyi နဲ့ပါပဲ။ ဒီဟာ Hack ဖို့လိုအပ်တာက HexEditor တစ်ခုရယ်၊ Zawgyi Font ရယ်၊ iTunesLocalized.qrt လို့ခေါ်တဲ့ QuickTime Resource ဖိုင်လ်တစ်ခုရယ်လိုအပ်ပါတယ်။

နောက်ထပ်လိုအပ်တာက Font Creator ဆိုတဲ့ Font ပြင်တဲ့ Software ပါ။ ဒီမှာ Font Creator 5.6 Portable ကိုတင်ပေးထားပါတယ်။

HexEditor ကိုတော့ ကျွှန်တော်အမြဲသုံးနေကျဖြစ်တဲ့ XVI32 ကိုသုံးပါတယ်။

ပထမဆုံး Zawgyi Font ကို Font Creator နဲ့ဖွင့်လိုက်ပါ။ ထို့နောက် Format > Naming ကိုနှိပ်လိုက်ပါက အောက်ကအတိုင်း မပြင်ရသေးတဲ့ Font နဲ့ပတ်သက်တဲ့ Metada တွေပေါ်လာပါလိမ့်မယ်။

ဒီမှာမပြင်ရသေးတဲ့ Information တွေပါ။

ထို့နောက်ပုံမှာပြထားတဲ့ အတိုင်း ကျွှန်တော်ပြင်ထားတဲ့ အကွက်လေးတွေမှာ ပြင်ဆင်လိုက်ပါ။

ထို့နောက် Ok လုပ်ပြီး ပြင်ထားတဲ့ Font ကို Save As အနေနဲ့ သိမ်းပေးပါ။ File Name ကို ကိုယ်ကြိုက်တာပေးလို့ရပါတယ်။ ထို့နောက် သိမ်းထားတဲ့ Font ကို Control Panel ရဲ့ Fonts Folder ထဲကို Install လုပ်ပေးပါ။

ပြီးရင် ပထမဆုံး iTunesLocalized.qrt ကို iTunes Folder အောက်မှာ သွားရှာနိုင်ပါတယ်။

အထဲမှာ Language Packs ရဲ့ Folders တွေကို တွေ့ပါလိမ့်မယ်။ ဒီမှာတော့ English ပဲသုံးမှာဆိုတော့ ပုံထဲက ပြထားတဲ့အောက်မှာ iTunesLocalized.qrt ကိုသွားရှာကြည့်ပါ။

အဲဒီဖိုင်လ်ကို တစ်နေရာသို့ Copy လုပ်လိုက်ပါ။ မူရင်းဖိုင်လ်ကိုလည်း Back up လုပ်ထားဖို့မမေ့ပါနဲ့။ တစ်ခုခုမှားလုပ်မိရင် မူရင်းကို ပြန် Copy လုပ်လို့ရအောင်ပါ။

ပြီးရင် iTunesLocalized.qrt  ကို HexEditor နဲ့ဖွင့်လိုက်ပါ။ ထို့နောက် Search > Replace ဆိုတာကိုရွေးပြီး နှိပ်လိုက်ပါက ဒီလို Windows ကျလာပါလိမ့်မယ်။

ကျွှန်တော် ပုံမှာပြထားတဲ့အတိုင်း ပြင်လိုက်ပါ။ တစ်ခု မမေ့ဖို့က Text Box မှာ Font Name တွေဖြည့်ပြီးရင် Text -> Hex ဆိုတာနှိပ်လိုက်ပါ။ ပြီးရင် Replace All ဆိုတာကို နှိပ်ပြီးရင် ဘယ်နှစ်ခုလဲလိုက်လဲဆိုတာပြပါလိမ့်မယ်။

ပြီးရင် ထို Localized ဖိုင်လ်ကို Save လုပ်နိုင်ပါပြီ။ ပြီးရင် Edit လုပ်ထားတဲ့ iTunes ဖိုင်လ်ကို သူ့ကို ကူးခဲ့တဲ့နေရာမှာ သွားပြီး Copy and Paste လုပ်ပြီး ဖိုင်လ်ကိုလဲလိုက်ပါ။ iTunes ကိုပိတ်ထားဖို့တော့ မမေ့ပါနဲ့။ ဒါပါပဲ။

ထို့နောက်

wp-login.php

ကျွှန်တော်လည်း ကျွှန်တော်သိတာလေးနဲ့ ကူညီပေးချင်ပါတယ်။ ဒီအကြံညဏ်ကိုစတင်တဲ့ သူငယ်ချင်းကိုယ်တိုင်ကလဲ လာမေးတာရယ်၊ ကျွှန်တော့်အစ်မ မ April တို့လို လုပ်ချင်တဲ့လူတွေလည်းရှိရင် လုပ်နိုင်အောင်ရယ် ရည်ရွယ်ပြီးကျွှန်တော်ရေးပေးလိုက်တာပါ။ အခုအနေနဲ့ကတော့ နည်းနည်းအဆင့်ကျော်ပြီး အဓိကပြဿနာဖြေရှင်းနည်းကို ကူညီပေးချင်တာပါ။ အိမ်မှာ ကွန်ပျူတာနဲ့ Recording လုပ်တဲ့အခါမှာ မလွဲမရှောင်နိုင်တာက noise (Hiss happens. So does ground hum, computer noise, and any number of unwanted sonic artifacts) ဝင်ချင်းပါ။ Studio တွေမှာတောင်မှ တစ်ခါတစ်လေဖြစ်တတ် ဝင်တတ်ပါတယ်။ ကိုယ်က ဆိုထား ပြောထားတာကောင်းရဲ့နဲ့ တစ်ခါတစ်လေ မီးအားအတက်အကျ ပစ္စည်းချင်းထိမိရင် ဖြစ်တတ်ပါတယ်။ အဲလိုမျိုးဆိုရင် Reasonable ဖြစ်တဲ့ အနေအထားထိက Noise တွေကို လျှော့နိုင်အောင် လုပ်ပေးနိုင်ပါတယ်။

ဥပမာ ကျွှန်တော့် ဒီက သီချင်းတစ်ပုဒ်မှာ ဖမ်းထားတဲ့ Bass Line မှာ Signal Noise တစ်ခုက Click လိုလို Pop လိုလိုပုံစံနဲ့ပါနေပါတယ်။ Original နဲ့နားထောင်ရင် သိပ်မဆိုးပေမဲ့ သီချင်းထဲမှာ ကြည်ကြည်လင်လင် ကြားရဖို့အတွက် Dynamics တင်တဲ့အခါမှာ အဲဒီ Noise က အတော်ဆိုးဆိုးဝါးဝါး သိသာလာပါတယ်။ ဒီမှာ ဥပမာ ကြည့်ကြည့်ပါ။

Noise Waveform

Bass တီးတဲ့ အသံမလာခင်မှာ အဲလို Electronic Device တွေကြောင့် ဖြစ်တဲ့ Noise က စဝင်လာပါတယ်။ အဲဒီကစပြီး တီးတဲ့ တောက်လျှောက်မှာလဲ Background Noise အနေနဲ့ ပါဝင်လာပါတယ်။ အဲဒါကို ပြင်ဖို့အတွက် ဒီ Waves ကထုတ်တဲ့ Znoise ဆိုတဲ့ Plugin လေးရဲ့ အကူအညီနဲ့ Acid မှာလုပ်ထားပါတယ်။ Sound Forge နဲ့ ပြချင်ပေမဲ့လဲ့ Windows 7 မှာ Sound Forge မ Run တာကို မပြင်ရသေးတဲ့အတွက် Acid နဲ့ပြလိုက်တာ Sorry ပါ။ ဒါပေမဲ့ Sound Forge နဲ့ Acid က Company တစ်ခုထဲကမို့ icon လေးတွေနဲ့ လုပ်ရကိုင်ရတာ အတော်ကိုဆင်ပါတယ်။ ပထမဆုံး Acid မှာ ကျွှန်တော်ပြင်ချင်တဲ့ Track ရဲ့ Effect Line ထဲမှာ ဒီ Plug-in လေးကို ထည့်ပါ့မယ်။

How to Add an Effect to Track's Effect Rack

ထို့နောက် အောက်က ပုံအတိုင်းရလာရင် ဖေါ်ပြထားတဲ့အတိုင်း လုပ်လိုက်ပါ။

Step 1

အဲလိုလုပ်တာက ဘာလုပ်လဲဆိုတော့ Noise Profile ရဲ့ Signature ကိုယူတာပါ။ အဲဒါလုပ်ပြီးနောက် အခုန Plug ins မှာ စစချင်းအသုံးပြုတွေအတွက် အသုံးအလိုဆုံး Control နှစ်ခုအကြောင်းပြောပါမယ်။ Threshold နဲ့ Reduction ပါ။ Threshold ဆိုတာက Signal ရဲ့ အဝင် Level နဲ့ဆင်ပါတယ်။ Threshold ကိုချိန်ခြင်းအားဖြင့် Effect Processor ကိုပြောလိုက်တာက ဒီ Threshold Level အောက်ပိုင်းကစတဲ့ Signal ပေါ်မှာအလုပ်လုပ်မယ်ဆိုတဲ့ သဘောပါ။ ဒီကောင်ကို များသောအားဖြင့် Negative Value မှာ ထားရတာများပါတယ်။ ပုံမှန် အထက်ကပြောခဲ့တဲ့ Noise တွေက အဲလောက် Level မမြင့်လို့ပါ။ အဲဒါကတော့ ကိုယ်တိုင်နားထောင်ပြီး အကောင်းဆုံးအသံဖယ်ပေးနိုင်တဲ့ အနေအထားနဲ့ Original ကိုယ်တီးထားဆိုထားတဲ့ အပိုင်းက အသံတွေ မပျက်ဆီးနိုင်လောက်တဲ့ နေရာကို ထားပေးပါ။

ဥပမာ ကျွှန်တော့်ရဲ့ Bass တီးထားတဲ့ အသံမှာ Noise Level က -45 db လောက်ရှိပါတယ်။ အဲဒါကို Program ရဲ့ ကိုယ့် Track မှာ Output ဘယ်လောက်ပြန်ထွက်လဲပြတဲ့ Meter မှာဖတ်လို့ရပါတယ်။ ဒါကြောင့် ကျွှန်တော်သူ့ထက်နည်းနည်းပိုမြင့်တဲ့ Value ဖြစ်တဲ့ -30.0 db လောက်မှာ Threshold ကို ချိန်လိုက်ပါတယ်။

Reduction ဆိုတာက အဲဒီ Threshold အောက်က Signal တွေကို ဘယ်လောက် Ratio နဲ့လျှော့ချမလဲပါ။ များသောအားဖြင့် 1:1 Ratio ရှိတဲ့ Settings တော်တော်များများက အလုပ်ဖြစ်တဲ့အတွက် ကျွှန်တော် Reduction မှာလည်း 30 ထားလိုက်ပါတယ်။ လျှောက်ဆော့ကြည့်ပါ။ နားလည်လာပါလိမ့်မယ်။ ဥပမာ 15 လောက်ဆို Noise က နည်းသွားပေမဲ့ ကျန်ခဲ့ပါသေးတယ်။ အရမ်းတင်လိုက်ရင်လဲ အသံ Quality ကိုပျက်စီးစေပါတယ်။ Max နီးနီးလောက်ကို ထားကြည့်လိုက်ပါ။ Bass တီးထားတဲ့အသံရဲ့ Sonic Quality ပျက်သွားတာကြားရပါမယ်။ ဒါကြောင့် ကိုယ့်နားထောင်လို့ အကောင်းဆုံးဖြစ်တဲ့ အနေအထားကိုရွေးကြည့်ပါ။ ခု Playback တစ်ခါပြန်လုပ်ပြီး နားထောင်ကြည့်ပါ။ <span style=”color: rgb(255, 0, 0);”>Learn ဆိုတဲ့ Button ကို ပြန်နှိပ်စရာမလိုတော့ပါ။ Playback Only ပဲလုပ်ကြည့်ပါ။</span>

ဥပမာ အောက်မှာ ကြည့်ကြည့်ပါ။

Znoise Sample Settings

ဒါပါပဲ ပြီးရင် ချိန်နည်းကတော့ပြီးပါပြီ။ Sound Forge မှာ ကိုယ်ပြင်ထားတဲ့ အသံကို ဘယ်လို File အသစ်အနေနဲ့ သိမ်းလည်းပြချင်ပေမဲ့ Sound Forge ဖွင့်မရလို့ လောလောဆယ် Acid နဲ့ပဲ ပြောပြလိုက်ပါတယ်။ File &gt; Render As ဆိုတာကိုရွေးပြီး ကိုယ်ကြိုက်တဲ့ အသံ Format နဲ့ သိမ်းလိုက်နိုင်ပါပြီ။

Firefox ကို ကလိချင်တဲ့ ဘော်ဘော်တွေအတွက်ပါ။ Firefox ရဲ့ Settings တော်တော်များများကို about:config နဲ့ပြင်နိုင်ပါတယ်။ ပထမဆုံး about:config ကို ဘယ်လိုခေါ်နိုင်လဲဆိုတာ အရင်ရှင်းပြပါ့မယ်။

၁။ Firefox ရဲ့ Address Bar မှာ about:config ကိုရိုက်လိုက်ပါ။

၂။ Warning Page ပေါ်လာပါလိမ့်မယ်။ I’ll be careful, I promise! ကိုဘာပဲ ဖြစ်ဖြစ်နှိပ်ရမှာပါ။

၃။ Regedit နဲ့ ခပ်ဆင်ဆင် Filter Box နှင့် Value အမျိုးမျိုးပါတဲ့ Page ပွင့်လာပါလိမ့်မယ်။ ပြင်ချင်သပ ဆိုရင်တော့ ကိုယ်ကလိချင်တဲ့ ကောင်ပေါ်တာ Double Click လုပ်ရုံပါပဲ။

၎။ ဘာမှ လက်မသရမ်းခင် Config file လေးကို Backup လုပ်ပါနော်။ ပြီးမှ လျှောက်ကလိပြီးမှ ဒီမိုလုပ်လို့ဆိုပြီး ပြောနေမှာဆိုးလို့။
XP မှာဆိုရင်တော့ Documents and Settings\<username>\Application Data\Mozilla\Firefox\Profiles\<profile ID>.default\
Vista ဆိုရင်တော့ Users\<username>\AppData\Roaming\Mozilla\Firefox\Profiles\<profile ID>.default\

Show/Hid Close Button On Tabs
Tab Bar ပေါ်မှာ Close button (X) လေး ကိုဖွင့်ချင်ချင် ပိတ်ချင်ချင် ဒီလိုလုပ်လို့ရပါတယ်။ filter box ထဲမှ browser.tabs.closeButtons လေးကို ခေါ်လို့ရပါတယ်။ Value ထဲမှာ ဒါလေးတွေထည့်ပေးရုံပါပဲ။

- ကိုယ်ကြည့်နေတဲ့ Tab ပေါ်မှာပဲ X လေးပေါ်စေချင်ရင် 0 လေးသုံးလိုက်ပါ။
- အော်ကြိုက်တယ် ဆိုရင်တော့ 1 ပါ။ Tab bars တိုင်းမှာ X ပေါ်နေမှာပါ။
- လုံးဝ မမြင်ချင်ဘူးဆိုရင်တော့ 2 နော်။
- X လေးကို နောက်ဆုံး Tab bar မှာပဲ ပေါ်စေချင်ရင်တော့ ၃ ကြိုက်ပါလိမ့်မယ်။
Autofill Address in URL Bar

Smart location feature အပြင် URL ကို အစစကားလုံးတွေရိုက်ပေးရုံနဲ့ သူ့အလိုလို အပြည့်ဖြည့်ပေးစေချင်ရင်တော့ browser.urlbar.autofill ကိုခေါ်လိုက်ပါ။ Double click လုပ်ပြီး Boolean Value ကို False မှ True ပြောင်းပေးလိုက်ရင် ရပါပြီ။
Adjust Number Of Suggestions
Firefox မှာ URL ရိုက်တာနဲ့ ဖြစ်နိုင်တဲ့ List တွေ ကျလာတဲ့ အရေအတွက်ကို ချိန်နိုင်ပါတယ်။ Defaul 12 ခုကို ပြောင်းချင်ရင်တော့ browser.urlbar.maxRichResults ကို Filter Box ထဲမှာ ထည့်ပြီး လိုချင်တဲ့ Value ကိုပြောင်းပေးလိုက်ရင် ရပါပြီ။

Disable Delay Time When Installing Add-on
Add-on တွေသွင်းရင် Firefox မှာ Seconds အတော်ကြာအောင် စောင့်ခိုင်းတတ်ပါတယ်။ ကိုယ်က မစောင့်ချင်ဘူးဆိုရင် functionsecurity.dialog_enable_delay မှာ 0 လို့ရိုက်ပေးလိုက်ရုံပါပဲ။

Follow

Get every new post delivered to your Inbox.