Category: Repair Tools


ကွန်ပျုတာပြင်ပေးတဲ့သူတွေတွေ့ရတဲ့ အကြီးဆုံးဒုက္ခက ပျက်တဲ့ ကွန်ပျုတာပိုင်ရှင်ရဲ့ Technical Skills နည်းပါးမှုကြောင့် ဘာဖြစ်လည်း သေချာမပြောနိုင်နဲ့ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပြီး ရမ်းကုလုပ်ပေးရတာပါ ။ ထိုပြဿနာကို ဖြေရှင်းရန် Microsoft သည် Windows 7 မှစ၍ Problem Steps Recorder ဆိုတဲ့ ရေလည်ကို ပက်ပက်စက်စက် အသုံးဝင်တဲ့ Tool တစ်ခုကို ထည့်ပေးထားပါတယ်။ PSR သည် ဘာလုပ်ပေးလဲဆိုတော့ Application တစ်ခုကြောင့် Error တက်တာ Crashed ဖြစ်တာစသည်တို့ကို User တစ်ယောက်သုံးနေရင်းနဲ့ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်လာလည်းဆိုတာကို Step-by-step အဆင့်တိုင်းက ပတ်သက်တဲ့ Information မှန်သမျှကို Record လုပ်ပေးပါတယ်။

PSR ကို ဖွင့်ဖို့အတွက် Windows 7 Start Menu မှာ ပုံတွင်ပြထားသကဲ့သို့ ဖွင့်ပြီး ခေါ်နိုင်ပါသည်။

ထို့နောက် PSR ပွင့်လာတာနဲ့ Start Record ဆိုတာလုပ်ပြီး စမှတ်နိုင်ပါပြီ။

PSR သည် မိမိရိုက်လိုက်တဲ့ Text မှန်သမျှကို Record လုပ်ခြင်းမရှိတဲ့အတွက် အဆင့်တစ်ခုမှာ မေးစရာ၊ ပြောစရာတစ်ခုခုရှိပါက ပုံမှာတွေ့ရသလို Add Comment ကိုနှိပ်ပြီး ပြောချင်တာကို ထည့်ပေးနိုင်ပါတယ်။

နောက်ဆုံးပြီးဆုံးပါက Stop Record လုပ်တာနဲ့ ဘယ်မှာသိမ်းထားချင်လည်း Windows ပေါ်လာပါမယ်။ PSR သည် သိမ်းရင် Zip File အနေနဲ့သိမ်းထားပါသည်။

သိမ်းထားတဲ့ PSR ကိုဖွင့်ကြည့်ပါက ပထမဆုံး Unzip လုပ်လိုက်တာနဲ့ MHTML ဆိုတဲ့ Web Page Archive File တစ်ခုထွက်လာပါမယ်။ ထိုဖိုင်လ်ကို Internet Explorer နှင့် Firefox တွင်ဖွင့်ပြီးပါက အောက်မှာပြထားသကဲ့သို့ Web Page တစ်ခုတွေ့ရပါမယ်။

ထို့နောက် Slide show ဆိုတာနှိပ်ပြီး ပြန်ကြည့်နိုင်ပါပြီ။

ထို Zip File ကို IT Technician ကို မေးနိုင်ပါပြီ။

ကွန်ပျုတာမှာ Malware တွေ Virus တွေက System File တွေဘာတွေကို ညှိနေလို့ပဲဖြစ်ဖြစ် Application တွေ Hang ပြီး သေချာ Properly Terminated မလုပ်လို့ Memory ထဲမှာ Process တွေကျန်နေခဲ့ရင် Unlocker လိုမျိုး ပိတ်လို့ရတဲ့ Software ပါ။ ဒါပေမဲ့ Unlocker က နောက်ပိုင်း Develop မလုပ်တော့လို့ x64 Windows တွေပေါ်မှာ သုံးလို့မရတော့ပါ။ ဒါကြောင့် သူ့ရဲ့ Alternative Solution လေးဖြစ်တဲ့ LockHunter ကိုသုံးဖို့ ဒီမှာဒေါင်းနိုင်ပါတယ်။ Malware/Adware ပါခြင်းမရှိပါ။ USB Safely Remove ကိုရေးတဲ့ Developers တွေကပဲ ရေးထားတာပါ။ အကောင်းဆုံးကတော့ သူလည်း Free ရပါတယ်။ LockHunter ကို့ သူ့မူရင်းဆိုဒ်မှာ သွားဒေါင်းနိုင်ပါတယ်။




Follow

Get every new post delivered to your Inbox.