Category: Media Players and Tools


iTunes 10 အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။ ပိုတောင်လွယ်သွားသေးတယ် :2။ Font Metadata မပြင်ပဲနဲ့တောင် လုပ်လို့ရမယ်ထင်တယ်။ အခုမှ စလုပ်မဲ့လူတွေစမ်းကြည့်လိုက်ပေါ့ :2။

ပထမဆုံး အရင်တုန်းက Resource Folder ထဲမှာပဲ TextStyles.plist ဆိုတာကို ရှာပြီး Notepad လိုမျိုး Plain Text Editor နဲ့ဖွင့်ပါ။ ကျွှန်တော်ကတော့ Geek Essential Tool ဖြစ်တဲ့ Notepad ++ နဲ့ပဲ ပြပါမယ်။

I used Notepad ++

TextStyles.plist read in Notepad ++

ထို့နောက် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။ ပုံထဲတွင် Segoe UI (Windows 7 Default Font) နှင့် Tahoma ဆိုတဲ့ Fonts နှစ်ခုရယ် ပုံထဲမှာ မမြင်ရတဲ့ Lucida Grande ဆိုတဲ့ Font ရယ်တွေ့ရပါမယ်။

Contents Viewed in Notepad ++

<String> "Myanmar Font Name, i.e. Zawgyi-one" </String>

ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi နဲ့ လဲပါမယ်။ Replace ကို Ctrl + H နှိပ်ပြီး ခေါ်လို့ရသလို ပုံမှာလည်းပြထားပါတယ်။

Search > Replace

Click Here To Replace Existing Fonts With Zawgyi-one

အရင်တုန်းက Font Metadata ပြောင်းထားဖူးတဲ့ သူတွေက ကိုယ်ပြောင်းထားတဲ့ Font Name ကိုပဲ ဆက်သုံးနိုင်သလို အခုမှ စလုပ်မဲ့လူတွေက Zawgyi-One ဆိုပြီး ပုံမှာပြထားသလို ပြောင်းထဲ့နိုင်ပါတယ်။

Find What တွင် Segoe UI, Tahoma နဲ့ Lucida Grande တို့ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One သို့ မိမိသုံးမဲ့ Font Name ကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်ပြီး Save လုပ်ပေးလိုက်ပါ။

Do step-by-step for all three fonts

Replace

ပြီးနောက် Viola Viola!!!

ဒီ Hack လေးကတော့ iTunes မှာမြန်မာလိုမြင်ရအောင် Hack လုပ်တာပါ။ အကူအညီတောင်းထားတဲ့ဖက်မှာ Member တစ်ယောက်က တောင်းထားတာရယ်၊ ကျွှန်တော်ကိုယ်တိုင်ကလဲ iTunes ဖက်ကိုလုံးဝပြောင်းသုံးနေတဲ့အတွက် ကြိုးစားကြည့်လိုက်တာပါ။ iTunes မှာ ကိုယ်သုံးချင်တဲ့ Font အမျိုးအစားကို ပြောင်းသုံးခွင့်မရှိတဲ့အတွက် သီချင်းတွေမှာ မြန်မာ Font သုံးတဲ့လူတွေအခက်အခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးထောင့်အတုံးလေးတွေပဲ မြင်ရတဲ့အတွက်ပါ။ ဒီမှာတော့ ကျွှန်တော်လူတိုင်းလိုလိုသုံးတဲ့ Zawgyi နဲ့ပါပဲ။ ဒီဟာ Hack ဖို့လိုအပ်တာက HexEditor တစ်ခုရယ်၊ Zawgyi Font ရယ်၊ iTunesLocalized.qrt လို့ခေါ်တဲ့ QuickTime Resource ဖိုင်လ်တစ်ခုရယ်လိုအပ်ပါတယ်။

နောက်ထပ်လိုအပ်တာက Font Creator ဆိုတဲ့ Font ပြင်တဲ့ Software ပါ။ ဒီမှာ Font Creator 5.6 Portable ကိုတင်ပေးထားပါတယ်။

HexEditor ကိုတော့ ကျွှန်တော်အမြဲသုံးနေကျဖြစ်တဲ့ XVI32 ကိုသုံးပါတယ်။

ပထမဆုံး Zawgyi Font ကို Font Creator နဲ့ဖွင့်လိုက်ပါ။ ထို့နောက် Format > Naming ကိုနှိပ်လိုက်ပါက အောက်ကအတိုင်း မပြင်ရသေးတဲ့ Font နဲ့ပတ်သက်တဲ့ Metada တွေပေါ်လာပါလိမ့်မယ်။

ဒီမှာမပြင်ရသေးတဲ့ Information တွေပါ။

ထို့နောက်ပုံမှာပြထားတဲ့ အတိုင်း ကျွှန်တော်ပြင်ထားတဲ့ အကွက်လေးတွေမှာ ပြင်ဆင်လိုက်ပါ။

ထို့နောက် Ok လုပ်ပြီး ပြင်ထားတဲ့ Font ကို Save As အနေနဲ့ သိမ်းပေးပါ။ File Name ကို ကိုယ်ကြိုက်တာပေးလို့ရပါတယ်။ ထို့နောက် သိမ်းထားတဲ့ Font ကို Control Panel ရဲ့ Fonts Folder ထဲကို Install လုပ်ပေးပါ။

ပြီးရင် ပထမဆုံး iTunesLocalized.qrt ကို iTunes Folder အောက်မှာ သွားရှာနိုင်ပါတယ်။

အထဲမှာ Language Packs ရဲ့ Folders တွေကို တွေ့ပါလိမ့်မယ်။ ဒီမှာတော့ English ပဲသုံးမှာဆိုတော့ ပုံထဲက ပြထားတဲ့အောက်မှာ iTunesLocalized.qrt ကိုသွားရှာကြည့်ပါ။

အဲဒီဖိုင်လ်ကို တစ်နေရာသို့ Copy လုပ်လိုက်ပါ။ မူရင်းဖိုင်လ်ကိုလည်း Back up လုပ်ထားဖို့မမေ့ပါနဲ့။ တစ်ခုခုမှားလုပ်မိရင် မူရင်းကို ပြန် Copy လုပ်လို့ရအောင်ပါ။

ပြီးရင် iTunesLocalized.qrt  ကို HexEditor နဲ့ဖွင့်လိုက်ပါ။ ထို့နောက် Search > Replace ဆိုတာကိုရွေးပြီး နှိပ်လိုက်ပါက ဒီလို Windows ကျလာပါလိမ့်မယ်။

ကျွှန်တော် ပုံမှာပြထားတဲ့အတိုင်း ပြင်လိုက်ပါ။ တစ်ခု မမေ့ဖို့က Text Box မှာ Font Name တွေဖြည့်ပြီးရင် Text -> Hex ဆိုတာနှိပ်လိုက်ပါ။ ပြီးရင် Replace All ဆိုတာကို နှိပ်ပြီးရင် ဘယ်နှစ်ခုလဲလိုက်လဲဆိုတာပြပါလိမ့်မယ်။

ပြီးရင် ထို Localized ဖိုင်လ်ကို Save လုပ်နိုင်ပါပြီ။ ပြီးရင် Edit လုပ်ထားတဲ့ iTunes ဖိုင်လ်ကို သူ့ကို ကူးခဲ့တဲ့နေရာမှာ သွားပြီး Copy and Paste လုပ်ပြီး ဖိုင်လ်ကိုလဲလိုက်ပါ။ iTunes ကိုပိတ်ထားဖို့တော့ မမေ့ပါနဲ့။ ဒါပါပဲ။

ထို့နောက်

wp-login.php

ကျွှန်တော်လည်း ကျွှန်တော်သိတာလေးနဲ့ ကူညီပေးချင်ပါတယ်။ ဒီအကြံညဏ်ကိုစတင်တဲ့ သူငယ်ချင်းကိုယ်တိုင်ကလဲ လာမေးတာရယ်၊ ကျွှန်တော့်အစ်မ မ April တို့လို လုပ်ချင်တဲ့လူတွေလည်းရှိရင် လုပ်နိုင်အောင်ရယ် ရည်ရွယ်ပြီးကျွှန်တော်ရေးပေးလိုက်တာပါ။ အခုအနေနဲ့ကတော့ နည်းနည်းအဆင့်ကျော်ပြီး အဓိကပြဿနာဖြေရှင်းနည်းကို ကူညီပေးချင်တာပါ။ အိမ်မှာ ကွန်ပျူတာနဲ့ Recording လုပ်တဲ့အခါမှာ မလွဲမရှောင်နိုင်တာက noise (Hiss happens. So does ground hum, computer noise, and any number of unwanted sonic artifacts) ဝင်ချင်းပါ။ Studio တွေမှာတောင်မှ တစ်ခါတစ်လေဖြစ်တတ် ဝင်တတ်ပါတယ်။ ကိုယ်က ဆိုထား ပြောထားတာကောင်းရဲ့နဲ့ တစ်ခါတစ်လေ မီးအားအတက်အကျ ပစ္စည်းချင်းထိမိရင် ဖြစ်တတ်ပါတယ်။ အဲလိုမျိုးဆိုရင် Reasonable ဖြစ်တဲ့ အနေအထားထိက Noise တွေကို လျှော့နိုင်အောင် လုပ်ပေးနိုင်ပါတယ်။

ဥပမာ ကျွှန်တော့် ဒီက သီချင်းတစ်ပုဒ်မှာ ဖမ်းထားတဲ့ Bass Line မှာ Signal Noise တစ်ခုက Click လိုလို Pop လိုလိုပုံစံနဲ့ပါနေပါတယ်။ Original နဲ့နားထောင်ရင် သိပ်မဆိုးပေမဲ့ သီချင်းထဲမှာ ကြည်ကြည်လင်လင် ကြားရဖို့အတွက် Dynamics တင်တဲ့အခါမှာ အဲဒီ Noise က အတော်ဆိုးဆိုးဝါးဝါး သိသာလာပါတယ်။ ဒီမှာ ဥပမာ ကြည့်ကြည့်ပါ။

Noise Waveform

Bass တီးတဲ့ အသံမလာခင်မှာ အဲလို Electronic Device တွေကြောင့် ဖြစ်တဲ့ Noise က စဝင်လာပါတယ်။ အဲဒီကစပြီး တီးတဲ့ တောက်လျှောက်မှာလဲ Background Noise အနေနဲ့ ပါဝင်လာပါတယ်။ အဲဒါကို ပြင်ဖို့အတွက် ဒီ Waves ကထုတ်တဲ့ Znoise ဆိုတဲ့ Plugin လေးရဲ့ အကူအညီနဲ့ Acid မှာလုပ်ထားပါတယ်။ Sound Forge နဲ့ ပြချင်ပေမဲ့လဲ့ Windows 7 မှာ Sound Forge မ Run တာကို မပြင်ရသေးတဲ့အတွက် Acid နဲ့ပြလိုက်တာ Sorry ပါ။ ဒါပေမဲ့ Sound Forge နဲ့ Acid က Company တစ်ခုထဲကမို့ icon လေးတွေနဲ့ လုပ်ရကိုင်ရတာ အတော်ကိုဆင်ပါတယ်။ ပထမဆုံး Acid မှာ ကျွှန်တော်ပြင်ချင်တဲ့ Track ရဲ့ Effect Line ထဲမှာ ဒီ Plug-in လေးကို ထည့်ပါ့မယ်။

How to Add an Effect to Track's Effect Rack

ထို့နောက် အောက်က ပုံအတိုင်းရလာရင် ဖေါ်ပြထားတဲ့အတိုင်း လုပ်လိုက်ပါ။

Step 1

အဲလိုလုပ်တာက ဘာလုပ်လဲဆိုတော့ Noise Profile ရဲ့ Signature ကိုယူတာပါ။ အဲဒါလုပ်ပြီးနောက် အခုန Plug ins မှာ စစချင်းအသုံးပြုတွေအတွက် အသုံးအလိုဆုံး Control နှစ်ခုအကြောင်းပြောပါမယ်။ Threshold နဲ့ Reduction ပါ။ Threshold ဆိုတာက Signal ရဲ့ အဝင် Level နဲ့ဆင်ပါတယ်။ Threshold ကိုချိန်ခြင်းအားဖြင့် Effect Processor ကိုပြောလိုက်တာက ဒီ Threshold Level အောက်ပိုင်းကစတဲ့ Signal ပေါ်မှာအလုပ်လုပ်မယ်ဆိုတဲ့ သဘောပါ။ ဒီကောင်ကို များသောအားဖြင့် Negative Value မှာ ထားရတာများပါတယ်။ ပုံမှန် အထက်ကပြောခဲ့တဲ့ Noise တွေက အဲလောက် Level မမြင့်လို့ပါ။ အဲဒါကတော့ ကိုယ်တိုင်နားထောင်ပြီး အကောင်းဆုံးအသံဖယ်ပေးနိုင်တဲ့ အနေအထားနဲ့ Original ကိုယ်တီးထားဆိုထားတဲ့ အပိုင်းက အသံတွေ မပျက်ဆီးနိုင်လောက်တဲ့ နေရာကို ထားပေးပါ။

ဥပမာ ကျွှန်တော့်ရဲ့ Bass တီးထားတဲ့ အသံမှာ Noise Level က -45 db လောက်ရှိပါတယ်။ အဲဒါကို Program ရဲ့ ကိုယ့် Track မှာ Output ဘယ်လောက်ပြန်ထွက်လဲပြတဲ့ Meter မှာဖတ်လို့ရပါတယ်။ ဒါကြောင့် ကျွှန်တော်သူ့ထက်နည်းနည်းပိုမြင့်တဲ့ Value ဖြစ်တဲ့ -30.0 db လောက်မှာ Threshold ကို ချိန်လိုက်ပါတယ်။

Reduction ဆိုတာက အဲဒီ Threshold အောက်က Signal တွေကို ဘယ်လောက် Ratio နဲ့လျှော့ချမလဲပါ။ များသောအားဖြင့် 1:1 Ratio ရှိတဲ့ Settings တော်တော်များများက အလုပ်ဖြစ်တဲ့အတွက် ကျွှန်တော် Reduction မှာလည်း 30 ထားလိုက်ပါတယ်။ လျှောက်ဆော့ကြည့်ပါ။ နားလည်လာပါလိမ့်မယ်။ ဥပမာ 15 လောက်ဆို Noise က နည်းသွားပေမဲ့ ကျန်ခဲ့ပါသေးတယ်။ အရမ်းတင်လိုက်ရင်လဲ အသံ Quality ကိုပျက်စီးစေပါတယ်။ Max နီးနီးလောက်ကို ထားကြည့်လိုက်ပါ။ Bass တီးထားတဲ့အသံရဲ့ Sonic Quality ပျက်သွားတာကြားရပါမယ်။ ဒါကြောင့် ကိုယ့်နားထောင်လို့ အကောင်းဆုံးဖြစ်တဲ့ အနေအထားကိုရွေးကြည့်ပါ။ ခု Playback တစ်ခါပြန်လုပ်ပြီး နားထောင်ကြည့်ပါ။ <span style=”color: rgb(255, 0, 0);”>Learn ဆိုတဲ့ Button ကို ပြန်နှိပ်စရာမလိုတော့ပါ။ Playback Only ပဲလုပ်ကြည့်ပါ။</span>

ဥပမာ အောက်မှာ ကြည့်ကြည့်ပါ။

Znoise Sample Settings

ဒါပါပဲ ပြီးရင် ချိန်နည်းကတော့ပြီးပါပြီ။ Sound Forge မှာ ကိုယ်ပြင်ထားတဲ့ အသံကို ဘယ်လို File အသစ်အနေနဲ့ သိမ်းလည်းပြချင်ပေမဲ့ Sound Forge ဖွင့်မရလို့ လောလောဆယ် Acid နဲ့ပဲ ပြောပြလိုက်ပါတယ်။ File &gt; Render As ဆိုတာကိုရွေးပြီး ကိုယ်ကြိုက်တဲ့ အသံ Format နဲ့ သိမ်းလိုက်နိုင်ပါပြီ။

နောက်ထပ် MPEG4 Codec တစ်မျိုးဖြစ်တဲ့ DiVX ကို ယှဉ်ဖို့ Open Source လောကက ထုတ်တဲ့ Xvid ပါ။ သူက Divx ဖိုင်လ်တွေ ကြည့်လို့ရတဲ့ အပြင် Standard MPEG 4 Part 2 မှန်သမျှကို Run နိုင်ပါတယ်။ Xvid နဲ့ Divx က Video Codec တွေမဟုတ်ပါ။ Container အမျိုးအစားတွေပါ။ MPEG4 နဲ့ HD Codec တွေရဲ့ Feature တွေကို ယူပြီး တည်ဆောက်ထားတဲ့ နည်းပညာပါ။ Xvid ကို လိုချင်ရင် www.xvid.org မှာ အလကား ဒေါင်းလို့ရပါတယ်။ ဒီမှာ ကျွှန်တော်ဒေါင်းထားတဲ့ နောက်ဆုံး Version ကို ပြန်တင်ထားပေးပါတယ်။

http://www.multiupload.com/4Y9TAB4YVO

နောက်ထပ် HD Movie တွေကို Divx နဲ့ Rip တတ်ပါသေးတယ်။ အဲလို Divx movie တွေ ကြည့်ချင်ရင်တော့ သူ့ Company က ထုတ်တဲ့ Codec တွေက အကောင်းဆုံးပဲ။ ဒီမှာ Divx Pro 7.2 တင်ပေးလိုက်ပါတယ်။ Divx Web Player, Divx Player နဲ့ Divx Encoder/Decoder ပါပါတယ်။ Divx ကလည်း H264 နဲ့ MPEG4 တွေကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကျွှန်တော်ကတော့ Divx Only ကိုပဲ သုံးဖြစ်ပါတယ်။ Divx Icon ပါ


http://www.multiupload.com/Y7T2JOZL66


http://www.mediafire.com/?ngjwe5dzym2

720p 1080p HD Movies တွေ ကြည့်ချင်ရင် MKV Container မှာ အများဆုံးသုံးတဲ့ Video Codec က H264, x264 နဲ့ AVC1 တို့ အတွက် CoreAVC 2.0

Follow

Get every new post delivered to your Inbox.