iTunes 10 အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။ ပိုတောင်လွယ်သွားသေးတယ် :2။ Font Metadata မပြင်ပဲနဲ့တောင် လုပ်လို့ရမယ်ထင်တယ်။ အခုမှ စလုပ်မဲ့လူတွေစမ်းကြည့်လိုက်ပေါ့ :2။
ပထမဆုံး အရင်တုန်းက Resource Folder ထဲမှာပဲ TextStyles.plist ဆိုတာကို ရှာပြီး Notepad လိုမျိုး Plain Text Editor နဲ့ဖွင့်ပါ။ ကျွှန်တော်ကတော့ Geek Essential Tool ဖြစ်တဲ့ Notepad ++ နဲ့ပဲ ပြပါမယ်။

TextStyles.plist read in Notepad ++
ထို့နောက် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။ ပုံထဲတွင် Segoe UI (Windows 7 Default Font) နှင့် Tahoma ဆိုတဲ့ Fonts နှစ်ခုရယ် ပုံထဲမှာ မမြင်ရတဲ့ Lucida Grande ဆိုတဲ့ Font ရယ်တွေ့ရပါမယ်။

<String> "Myanmar Font Name, i.e. Zawgyi-one" </String>
ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi နဲ့ လဲပါမယ်။ Replace ကို Ctrl + H နှိပ်ပြီး ခေါ်လို့ရသလို ပုံမှာလည်းပြထားပါတယ်။

Click Here To Replace Existing Fonts With Zawgyi-one
အရင်တုန်းက Font Metadata ပြောင်းထားဖူးတဲ့ သူတွေက ကိုယ်ပြောင်းထားတဲ့ Font Name ကိုပဲ ဆက်သုံးနိုင်သလို အခုမှ စလုပ်မဲ့လူတွေက Zawgyi-One ဆိုပြီး ပုံမှာပြထားသလို ပြောင်းထဲ့နိုင်ပါတယ်။
Find What တွင် Segoe UI, Tahoma နဲ့ Lucida Grande တို့ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One သို့ မိမိသုံးမဲ့ Font Name ကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်ပြီး Save လုပ်ပေးလိုက်ပါ။

Replace
ပြီးနောက် Viola 


