[img width=400 height=284]http://img37.imageshack.us/img37/1442/descarteskristina.jpg[/img]

Image: Detail from Dispute of Queen Cristina Vasa (left) and René Descartes (right) by Nils Forsberg (1842-1934) after Pierre-Louis Dumesnil the Younger (1698-1781)

June လ ၈ရက်နေ့က ဘာများထူးခြားလို့လည်းဆိုတော့ ဝါသနာပါတဲ့လူတွေ သိတဲ့လူတွေအတွက်ကတော့ အဲဒီနေ့က ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ဇွန်လ ၈ရက်နေ့ ၁၆၃၇ ခုနှစ်မှာ ပြင်သစ်သား Descartes (ဒီခတ်) က သူ့ရဲ့ စာအုပ်ဖြစ်တဲ့ Discourse on the Method for Guiding One’s Reason and Searching for Truth in the Sciences ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်က သိပ္ပံကို စနစ်တကျ မွေးဖွားစေခဲ့တဲ့ အလွန်တန်ဖိုးရှိတဲ့ သိပ္ပံတော်လှန်ရေး စာအုပ်တစ်အုပ်ပါပဲ။ စာအုပ်ထဲက အရမ်းနာမည်ကြီးတဲ့ Quote လေးတစ်ခုကို လူတိုင်းသုံးနေခဲ့တာဒီနေ့အထိပါပဲ။ Quote လေးကတော့ “I think, therefore I am.” ဆိုတဲ့ တိုတိုလေးနဲ့ အဓိပ္ပါယ်အများကြီး သက်ရောက်စေခဲ့ပါတယ်။ သူက အဲဒီ စာအုပ်ထဲမှာ သဘာဝလောကကြီးကို သေချာနားလည်နိုင်ဖို့အတွက် နည်းစနစ်တွေ စည်းကမ်းတွေကို အကျိုးအကြောင်း ဆီလျှော်စွာ တွေးခေါ်မှုနဲ့ သံသယရှိခြင်းတို့ကို သုံးပြီး နားလည်တတ်ရမယ်လို့ ဆိုခဲ့ပါတယ်။

Descartes ကို ၁၅၉၆ တွင်မွေးဖွားခဲ့ပြီး Jesuit ပညာရေးလို့ခေါ်တဲ့ (Jesuit Priests တွေဖွဲ့စည်းထားတဲ့ လက်တင်၊ ဂရိ၊ သင်္ချာ နှင့် Classical အတွေးအခေါ်ပညာ စတာတွေကို သင်ကြားပေးတဲ့) ပညာရေးနဲ့ ကြီးပြင်းခဲ့ပါတယ်။ သူက သူ့အဖေလမ်းစဉ်အတိုင်း ရှေ့နေဖြစ်ဖို့ကို ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အသက် ၂၀မှာ ကမ္ဘာအနှံ့ ခရီးသွားရန် ဥပဒေကို လေ့လာခြင်းကနေ ရပ်ခဲ့ပါတယ်။ သူဟာ တပ်မတော်ထဲမှာ ခဏအမှုထမ်းစဉ်အတွင်း ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ သူ့ဆုံးဖြတ်ချက်ကတော့ မှန်သည်ဆိုပြီး သူသင်ကြားခဲ့တဲ့ အရာတွေကို အခြေခံအဆင့်ထဲ ခွဲခြမ်းပြီးတော့ စစ်ဆေးပြီး ခိုင်မာတဲ့ အခြေအခံတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ဆိုပြီးကြိုးစားခဲ့ပါတယ်။

သူရဲ့စာအုပ်ထဲမှာ နိဂုံးမှာ မှန်တဲ့ သုံးသတ်ချက်ကို ရနိုင်ဖို့အတွက် သူအမြဲသုံးခဲ့တဲ့ စည်းကမ်းလေးခုကို သူကဖော်ပြခဲ့ပါတယ်။

1. Doubt everything. “The first was never to accept anything as true if I did not know clearly that it was so … and to include nothing in my judgments apart from whatever appeared so clearly and distinctly to my mind that I had no opportunity to cast doubt on it.”
2. Break every problem down into smaller parts.
3. Solve the simplest problems first, and build from there.
4. Be thorough. “The final rule was: In all cases, to make such comprehensive enumerations and such general reviews that I was certain not to omit anything.”

အထက်ဖေါ်ပြပါတွေကို လိုက်နာခြင်းအားဖြင့် ဖုံးကွယ်ထားထင်ရတဲ့ အရာမှန်သမျှ (သို့) အခြေခံကျကျနားလည်မှု မရှိနိုင်ဘူးဆိုတဲ့ အရာမှန်သမျှ ရှိနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။

၁၆၃၃ မှာထုတ်ဝေဖို့ ကြိုးစားခဲ့တဲ့ စာအုပ်တစ်ခုဖြစ်တဲ့ The World, or a Treatise on Light ဆိုတဲ့ စာအုပ်ကိုကိုတော့ ထုတ်ဝေဖို့ ရပ်ဆိုင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စာအုပ်ထဲမှာ ထိုခေတ်က အမြစ်တွယ်ခဲ့တဲ့ Theological Problems များကို များစွာစိန်ခေါ်မှုတွေဖြစ်စေခဲ့လို့ပါ။ ဥပမာဆိုရင်တော့ ကမ္ဘာဟာနေကို လည်ပတ်နေတယ်ဆိုတဲ့ အတွေးအခေါ်စတာတွေကို ပါဝင်ခဲ့လိုပါပါ။ ထိုစာအုပ်ကိုတော့ သူသေဆုံးပြီး ၁၂နှစ်ကြာမှ ၁၆၂၂ ခုနှစ် ထုတ်ဝေခဲ့ပါတယ်။ ဒီခတ်ဆိုးရိမ်ခဲ့တဲ့အတိုင်းပဲ ၁၆၆၃ မှာ Pope မင်းကြီးက ထိုစာအုပ်နဲ့ ဒီခေတ်ရဲ့ကျန်တဲ့စာအုပ်တွေကို အဆိပ်သင့်စေတဲ့စာအုပ်တွေဆိုပြီး မဖတ်ရဆိုတဲ့ စာအုပ်ထဲမှာ စာရင်းသွင်းခဲ့ပါတယ်။

ဒီခတ်ရဲ့ အကျိုးပြုမှုတွေက သင်္ချာ၊ အတွေးအခေါ်၊ သိပ္ပံစတာတွေမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ သူ့ရဲ့ အထင်ရှားဆုံး နောက်ထပ် အကျိုးပြုမှုကတော့ ကျွှန်တော်တို့ အသုံးပြုနေတဲ့ Dimension Systems တွေရဲ့အခြေခံကို စတင်မွေးဖွားပေးခဲ့တာပါ။ သူရဲ့ Coordinate System ကြောင့် Calculus ရဲ့ ဖွင့်ဖြိုးမှုကို များစွာအထောက်ကူဖြစ်စေခဲ့တာမက ယနေ့ခေတ်ထိ များစွာသော စနစ်တွေမှာ အသုံးချနေတုန်းပါပဲ။